Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယာကုပ်ဩဝါဒစာ 4:15 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ထို့ကြောင့် “ထာဝရ​ဘုရား​အလို​တော်​ရှိ​လျှင် ငါ​တို့​သည် အသက်ရှင်​၍ ဤ​အမှု​၊ သို့မဟုတ် ထို​အမှု​ကို​ပြု​ကြ​မည်”​ဟု​သာ သင်​တို့​ဆို​သင့်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 ``ထာ​ဝ​ရ​ဘု​ရား​အ​လို​တော်​ရှိ​လျှင်​ငါ​တို့ သည်​အ​သက်​ရှင်​၍​ဤ​အ​မှု​ထို​အ​မှု​ကို​ပြု ကြ​မည်'' ဟု​သင်​တို့​ဆို​သင့်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

15 ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ၍၊ ငါ​တို့​သည်​လည်း အ​သက်​ရှင်​လျှင်၊ ဤ​သို့​ပြု​ကြ​ကုန်​အံ့၊ ထို​သို့​ပြု​ကြ​ကုန်​အံ့​ဟု သင်​တို့​ဆို​သင့်​ရာ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယာကုပ်ဩဝါဒစာ 4:15
10 ပူးပေါင်းရင်းမြစ်များ  

လူ​၏​စိတ်နှလုံး​ထဲ၌ အကြံအစည်​များစွာ​ရှိ​၏​။ သို့ရာတွင် ထာဝရဘုရား​၏​အကြံဉာဏ်​သည်​သာ တည်​လိမ့်မည်​။


ဘုရားရှင် မ​မိန့်မှာ​ဘဲ မည်သူ​သည် နှုတ်မြွက်​သည့်​အတိုင်း ဖြစ်လာ​တတ်​သနည်း​။


“ဘုရားသခင်​အလို​တော်​ရှိ​လျှင် သင်​တို့​ထံသို့ နောက်တစ်ဖန် ငါ​ပြန်​လာ​ဦး​မည်”​ဟု ဆို​လျက် သူ​တို့​အား နှုတ်ဆက်​ပြီးလျှင် ဧဖက်​မြို့​မှ ရွက်လွှင့်​သွား​လေ​၏။


ဘုရားသခင်​၏​အလို​တော်​အားဖြင့် ဝမ်းမြောက်​သော​စိတ်​နှင့် သင်​တို့​ထံသို့​ငါ​လာ​၍ သင်​တို့​နှင့်အတူ နှစ်သိမ့်​သက်သာ​ခြင်း​ကို​ခံစား​နိုင်​မည့်​အကြောင်း ငါ​နှင့်အတူ​ကြိုးစား​အားထုတ်​၍ ငါ့​အတွက် ဘုရားသခင်​ထံ​ဆုတောင်း​ကြ​လော့။


ငါ​သည် ယခု သင်​တို့​ကို ခရီးကြုံ​၍ ဝင်​တွေ့​ရုံမျှ​သာ​မ​ပြု​လို​ပေ။ အကြောင်းမူကား သခင်​ဘုရား​ခွင့်ပြု​တော်မူ​လျှင် သင်​တို့​နှင့်အတူ ကာလ​အတန်ကြာ​နေ​ရန် ငါ​မျှော်လင့်​ထား​၏။


သို့သော် သခင်​ဘုရား​အလို​တော်​ရှိ​လျှင် ငါ​သည် သင်​တို့​ထံသို့ မကြာမီ​လာ​၍ မာန​ထောင်လွှား​သော​သူ​တို့​၏​စကား​မ​ဟုတ်​ဘဲ သူ​တို့​၏​တန်ခိုး​ကို သိ​ရ​လိမ့်မည်။


ဘုရားသခင်​ခွင့်ပြု​တော်မူ​လျှင် ငါ​တို့​သည်​ထိုသို့​ပြု​ကြ​မည်။


သို့သော် ယခု သင်​တို့​သည် ဟိတ်ဟန်​ထုတ်​လျက် ဝါကြွား​နေ​ကြ​၏။ ထိုသို့သော​ဝါကြွား​ခြင်း​ဟူသမျှ​သည် မကောင်း​သော​အမှု​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ