Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယာကုပ်ဩဝါဒစာ 3:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 လူသား​တို့​သည် သားရဲ​တိရစ္ဆာန်​နှင့်​ကျေးငှက်​မျိုး​မှစ၍ တွားသွား​သတ္တဝါ​နှင့်​ရေ​သတ္တဝါ​မျိုး​အပေါင်း​တို့​ကို ယဉ်ပါး​စေ​နိုင်​သကဲ့သို့ ယဉ်​လည်း​ယဉ်ပါး​စေ​ခဲ့​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 လူ​သည်​အ​ခြား​သတ္တဝါ​များ​ဖြစ်​သော​သား​ရဲ တိ​ရစ္ဆာန်၊ ငှက်၊ တွား​တတ်​သည့်​သတ္တ​ဝါ၊ ငါး​တို့ ကို​ကျိုး​နွံ​ယဉ်​ပါး​အောင်​ပြု​နိုင်​၏။ ပြု​လည်း ပြု​ခဲ့​ပေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 သား​ရဲ​မျိုး၊ ငှက်​မျိုး၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​မျိုး၊ ငါး​မျိုး​တို့​ကို လူ​မျိုး​သည် အောင်​တတ်​သည်​အ​တိုင်း အောင်​ခဲ့​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယာကုပ်ဩဝါဒစာ 3:7
4 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်​ဆိုသော် သူ့​ကို ခြေချင်း​နှင့်​သံကြိုး​တို့​ဖြင့် အကြိမ်ကြိမ်​ချည်နှောင်​ခဲ့​ကြ​သော်လည်း သူ​သည် သံကြိုး​များ​ကို​ဆွဲဖြတ်​ကာ ခြေချင်း​များ​ကို အပိုင်းပိုင်း​ကျိုးပဲ့​စေ​သောကြောင့် မည်သူမျှ သူ့​ကို မ​ထိန်းချုပ်​နိုင်​ကြ​ချေ။


ထို​အရာ​ထဲတွင် မြေကြီး​ပေါ်​ရှိ​ခြေ​လေး​ချောင်း​သတ္တဝါ​များ​မှစ၍ တွားသွား​သတ္တဝါ​များ​နှင့် မိုး​ကောင်းကင်​ငှက်​အမျိုးမျိုး​ပါ​၏။


လျှာ​သည် မီး​ဖြစ်​၏။ မတရားမှု​၏​လောက​လည်း​ဖြစ်​၏။ လျှာ​သည် ငါ​တို့​၏​အင်္ဂါ​အစိတ်အပိုင်း​ထဲက တစ်​ခု​ဖြစ်​ပြီး ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ညစ်ညူး​စွန်းထင်း​စေ​လျက် ဘဝ​တစ်ခုလုံး​ကို လောင်ကျွမ်း​စေ​ကာ မိမိ​သည်​လည်း ငရဲ​မီး​၏​လောင်ကျွမ်း​ခြင်း​ကို​ခံရ​၏။


သို့သော် လျှာ​ကို​ယဉ်ပါး​စေ​နိုင်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။ လျှာ​သည် ထိန်းချုပ်​၍​မ​ရ​နိုင်​သော​အဆိုးအမိုက်​ဖြစ်​ပြီး သေ​စေ​တတ်​သော​အဆိပ်​အတောက်​နှင့် ပြည့်​လျက်​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ