ဟေရှာယ 7:17 - မြန်မာ့စံမီသမ္မာကျမ်17 ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို သင့်ထံသို့လည်းကောင်း၊ သင့်လူမျိုးထံသို့လည်းကောင်း၊ သင့်ဖခင်၏အမျိုးအနွယ်ထံသို့လည်းကောင်း ခေါ်ဆောင်လာတော်မူမည်ဖြစ်၍ ယုဒအမျိုးထံမှ ဧဖရိမ်အမျိုးထွက်သွားသောနေ့မှစ၍ မကြုံဖူးသောနေ့ရက်များကို သင်တို့ကြုံရလိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version17 ``ဣသရေလနှင့်ယုဒနှစ်ခြမ်းကွဲချိန်မှအစ ပြု၍ မကြုံဘူးသေးသောဘေးဒုက္ခများကို ထာဝရဘုရားသည် သင်နှင့်သင်၏ပြည်သူတို့ အပေါ်သို့လည်းကောင်း၊ မင်းဆွေမင်းမျိုးမှန် သမျှအပေါ်သို့လည်းကောင်းသက်ရောက်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်အာရှုရိ ဘုရင်ကိုခေါ်ဆောင်လာတော်မူပေအံ့။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version17 ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့် ကွာသွားသော နေ့မှစ၍၊ မဖြစ်ဖူးသော နေ့ရက်ကာလကို ထာဝရဘုရားသည် သင်၏အပေါ်၌လည်းကောင်း၊ သင်၏လူများအပေါ်၌လည်းကောင်း၊ သင်၏အမျိုးရင်းအပေါ်၌လည်းကောင်း၊ ရောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။