ဟေရှာယ 63:19 - မြန်မာ့စံမီသမ္မာကျမ်19 အကျွန်ုပ်တို့သည် ရှေးကာလကပင် ကိုယ်တော်မအုပ်စိုးသောသူများ၊ ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းမခံရသောသူများဖြစ်ကြပါ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version19 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရင် မဟုတ်ဘိသကဲ့သို့လည်းကောင်း၊ ကျွန်တော် မျိုးတို့သည်ကိုယ်တော်ရှင်၏လူမဟုတ်ဘိ သကဲ့သို့လည်းကောင်းကျွန်တော်မျိုးတို့ကို ကိုယ်တော်ရှင်ဆက်ဆံတော်မူပါ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version19 အကျွန်ုပ်တို့သည် ကိုယ်တော် မအုပ်စိုးဖူးသော သူကဲ့သို့လည်းကောင်း၊ နာမတော်ဖြင့် သမုတ်ခြင်းကို မခံဖူးသော သူကဲ့သို့လည်းကောင်း ဖြစ်ကြပါ၏။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့် အံ့ဩမှင်တက်မိသူကဲ့သို့ဖြစ်ရသနည်း။ အဘယ်ကြောင့် မကယ်တင်နိုင်သောစစ်သူရဲကဲ့သို့ဖြစ်ရသနည်း။ အို ထာဝရဘုရား၊ စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူများဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
အို ဘုရားသခင်၊ နားတော်ကို လှည့်၍ ကြားတော်မူပါ။ မျက်စိတော်ကို ဖွင့်၍ ပျက်စီးသွားသောအကျွန်ုပ်တို့နေရာ၊ နာမတော်ဖြင့်ခေါ်ဝေါ်သမုတ်တော်မူသောမြို့တော်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသောကရုဏာတော်ကိုသာ မျှော်ကိုးလျက် ရှေ့တော်၌ အသနားတော်ခံပါ၏။
အို ဘုရားရှင်၊ နားညောင်းတော်မူပါ။ အို ဘုရားရှင်၊ ခွင့်လွှတ်တော်မူပါ။ အို ဘုရားရှင်၊ အာရုံစိုက်၍ ပြုပေးတော်မူပါ။ နှောင့်နှေးတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အလျင်အမြန်ပြုတော်မူပါ။ ဤမြို့၊ ဤလူမျိုးသည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရကြပါ၏”ဟု ဆုတောင်းလေ၏။