ဟေရှာယ 60:11 - မြန်မာ့စံမီသမ္မာကျမ်11 လူမျိုးတကာတို့၏ဥစ္စာပစ္စည်းကို သင့်ထံသို့ယူဆောင်လာနိုင်မည့်အကြောင်း၊ သူတို့၏ရှင်ဘုရင်များကို သင့်ထံသို့ခေါ်ဆောင်လာနိုင်မည့်အကြောင်း သင်၏တံခါးတို့ကို ပိတ်မထားရ၊ နေ့နေ့ညညအစဉ်ဖွင့်ထားရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version11 လူမျိုးတကာတို့၏ဘုရင်များသည် မိမိတို့ပစ္စည်းများကိုယူဆောင်လာနိုင်ရန်၊ သင်သည်မိမိ၏တံခါးကိုနေ့ရောညဥ့်ပါ ဖွင့်၍ထားရလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version11 တစ်ပါးအမျိုးသားတို့၏စည်းစိမ်ကို သင့်ထံသို့ဆောင်ခဲ့၍၊ သူတို့၏ ရှင်ဘုရင်တို့ကိုလည်း ပို့သမည်အကြောင်း၊ သင်၏တံခါးတို့ကို နေ့ညမပိတ်ဘဲ အစဉ်ဖွင့်ထားရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
ငါ၏သန့်ရှင်းသောတောင်ပေါ်သို့ ငါဆောင်ခဲ့၍ ငါ၏ဆုတောင်းရာအိမ်၌ သူတို့ကို ငါဝမ်းမြောက်စေမည်။ ငါ့ယဇ်ပလ္လင်ပေါ်မှာပူဇော်သော သူတို့၏မီးရှို့ရာယဇ်များ၊ ပူဇော်သက္ကာများကို ငါလက်ခံမည်။ ငါ့အိမ်တော်ကို လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။