ဟေရှာယ 56:3 - မြန်မာ့စံမီသမ္မာကျမ်3 ထာဝရဘုရား၌ မှီဝဲဆည်းကပ်သောတိုင်းတစ်ပါးသားက “ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးတော်နှင့် သီးခြားခွဲထားတော်မူလိမ့်မည်”ဟု မဆိုစေနှင့်။ မိန်းမစိုးကလည်း “ငါသည်ခြောက်သွေ့သောသစ်ပင်ဖြစ်၏”ဟု မဆိုစေနှင့်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 ထာဝရဘုရား၏လူမျိုးတော်တွင်ပါဝင်လာ သူလူမျိုးခြားတစ်စုံတစ်ယောက်သည်``ငါ့အား ထာဝရဘုရားသည် မိမိလူမျိုးတော်နှင့်အတူ ဝတ်ပြုကိုးကွယ်ခွင့်ပြုလိမ့်မည်မဟုတ်'' ဟု မဆိုသင့်။ မိန်းမစိုးတစ်စုံတစ်ယောက်ကလည်း မိမိသည် သားသမီးမရနိုင်သဖြင့်၊ ဘုရားသခင်၏ လူမျိုးတော်တွင်အပါအဝင်မဖြစ်နိုင်ဟု အဘယ်အခါ၌မျှမဆိုအပ်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 ထာဝရဘုရား၌ မှီဝဲသော တစ်ပါးအမျိုးသားက၊ ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးနှင့် ရှင်းရှင်းခွဲထားတော်မူပြီဟု မဆိုစေနှင့်။ မိန်းမလျှာကလည်း၊ ငါသည် သွေ့ခြောက်သောအပင်ဖြစ်သည်ဟု မဆိုစေနှင့်။ အခန်းကိုကြည့်ပါ။ |