ဟေရှာယ 5:23 - မြန်မာ့စံမီသမ္မာကျမ်23 ထိုသူတို့သည် တံစိုးလက်ဆောင်ကြောင့် ဆိုးယုတ်သောသူကို ဖြောင့်မတ်သည်ဟုစီရင်၍ ဖြောင့်မတ်သောသူတို့၏ဖြောင့်မတ်ခြင်းကို ဖယ်ရှားတတ်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version23 သို့ရာတွင်သင်တို့သည်တံစိုးလက်ဆောင်ရ ခဲ့သော် အပြစ်ရှိသူတို့ကိုအပြစ်မပေးဘဲ လွှတ်ပစ်ကာ၊ အပြစ်မဲ့သူတို့ကိုမူတရား မျှတစွာစီရင်ဆုံးဖြတ်၍မပေးကြ။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version23 ထိုသူတို့သည် တံစိုးကိုစားခြင်းငှာ၊ မတရားသောသူတို့ကို အပြစ်မပေးဘဲလွှတ်၍၊ ဖြောင့်မတ်သောသူတို့၏ဖြောင့်မတ်ခြင်းကို ဝန်မခံ၊ ပယ်ရှားတတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဤသူတို့သည် စပျစ်ဝိုင်ကြောင့် ယိမ်းထိုး၍ သေရည်သေရက်ကြောင့် ဒယီးဒယိုင်ဖြစ်ကြပြီ။ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် သေရည်သေရက်ကြောင့် ယိမ်းထိုး၍ စပျစ်ဝိုင်ကြောင့်အာရုံထွေပြားကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲ၍ စိတ်အာရုံရသူလည်း လွဲမှားလျက် ဆုံးဖြတ်ချက်ချရာ၌ အလွဲလွဲအချော်ချော်ဖြစ်ကြပြီ။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။