ဟေရှာယ 49:7 - မြန်မာ့စံမီသမ္မာကျမ်
7 အစ္စရေးလူမျိုးကိုရွေးနုတ်တော်မူသောအရှင်၊ ထိုလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားက လူတို့၏မထီမဲ့မြင်ပြုခြင်းခံရသော၊ လူမျိုးတကာတို့၏စက်ဆုပ်ရွံရှာခြင်းခံရသော၊ အုပ်စိုးသောမင်းတို့ထံ၌ကျွန်ခံရသောသူအား “သင့်ကိုရွေးချယ်တော်မူ၍ သစ္စာရှိတော်မူသော အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ထာဝရဘုရားကို ရှင်ဘုရင်တို့သည် မြင်၍ အကြီးအကဲတို့မတ်တတ်ရပ်ကြပြီး သူတို့အတူတကွ ရှိခိုးကိုးကွယ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ဣသရေလအမျိုးကို ရွေးနုတ်တော်မူ၍၊ ထိုအမျိုး၏ သန့်ရှင်းသော ထာဝရဘုရားသည်၊ အဘယ်သူမျှ မနှစ်သက်၊ တစ်ပြည်လုံး ရွံရှာဖွယ်ဖြစ်၍၊ မင်းထံ၌ ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော်မူသော ထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၏ ကျေးဇူးတော်ကြောင့်၊ ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ