ထို့ကြောင့် မြင်းစီးသူရဲတစ်ဦးသည် ယေဟုနှင့် သွားတွေ့ပြီး “ရှင်ဘုရင်က ‘ငြိမ်းချမ်းပါ၏လော’ဟူ၍ မေးတော်မူပါသည်”ဟု ဆိုလျှင် ယေဟုက “ငြိမ်းချမ်းခြင်းသည် သင်နှင့်မည်သို့ဆိုင်သနည်း။ ငါ့နောက်သို့ လိုက်ခဲ့လော့”ဟု ပြန်ပြော၏။ ကင်းစောင့်ကလည်း “တမန်သည် သူတို့ထံရောက်သွားပြီး ပြန်မလာတော့ပါ”ဟု သတင်းပို့လာ၏။