ဟေရှာယ 46:3 - မြန်မာ့စံမီသမ္မာကျမ်3 အို ယာကုပ်အမျိုးအနွယ်တို့၊ ကြွင်းကျန်သောအစ္စရေးအမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ ဝမ်းဗိုက်ထဲကပင် သင့်ကို ငါလွယ်ထား၏။ မွေးစကပင် သင့်ကို ငါချီမထား၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 ``အို ယာကုပ်သားမြေးတို့၊ငါ၏ဣသရေလ လူမျိုးတော်အနက်မှ ကြွင်းကျန်နေသူတို့၊ငါပြောသည်ကို နားထောင်ကြလော့။ သင်တို့သန္ဓေတည်၍မွေးဖွားချိန်မှအစပြု၍ ငါသည်သင်တို့အားကြည့်ရှုစောင့်ရှောက်ခဲ့ ပေသည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 အို ယာကုပ်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့၊ ဖွားစကပင် သင်တို့ကို ငါထမ်းလေပြီ။ အမိဝမ်းထဲမှစ၍ ငါဆောင်ရွက်လေပြီ။ အခန်းကိုကြည့်ပါ။ |
ရာဗရှာခ၏သခင် အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားကို သင်၏ဘုရားသခင်ထာဝရဘုရား ကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
အို ယာကုပ်အမျိုးအနွယ်တို့၊ နားထောင်ကြလော့။ သင်တို့သည် အစ္စရေးဟူသောအမည်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူ၊ ယုဒစမ်းရေတွင်းများမှ စီးထွက်လာသူ၊ သစ္စာတရားအားဖြင့်မဟုတ်၊ ဖြောင့်မတ်ခြင်းအားဖြင့်မဟုတ်ဘဲ ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုသူ၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံ ပတ္ထနာပြုသောသူ၊
ဤအရပ်သို့ သင်တို့ရောက်သည့်တိုင်အောင် သင်တို့သွားသည့်လမ်းခရီးတစ်လျှောက်တွင် ဖခင်သည် သားကိုချီပိုးသကဲ့သို့ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို မည်ကဲ့သို့ချီပိုးတော်မူခဲ့ကြောင်းကို တောကန္တာရ၌သင်တို့တွေ့မြင်ခဲ့ရသကဲ့သို့ ထာဝရဘုရားသည် သင်တို့အဖို့ စစ်တိုက်တော်မူလိမ့်မည်’ဟု ဆို၏။