ဟေရှာယ 46:10 - မြန်မာ့စံမီသမ္မာကျမ်10 အစအဦးကပင် အဆုံးကိုဖော်ပြသောအရှင်၊ ရှေးကာလကပင် မဖြစ်သေးသောအရာတို့ကိုဖော်ပြသောအရှင်က “ငါ့အကြံအစည်သည် တည်မည်။ ငါအလိုရှိသမျှကို ငါပြုမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 ငါသည်အစအဦးမှတင်ကူး၍နိဂုံးကို ဖော်ပြခဲ့၏။ ဖြစ်ပျက်မည့်အမှုအရာကိုရှေးကာလမှပင်လျှင် ကြိုတင်ဟောကြားခဲ့၏။ ငါ၏အကြံအစည်များသည်အဘယ်အခါ ၌မျှ ပျက်ပြားရလိမ့်မည်မဟုတ်ဟု ငါဆိုခဲ့သည့်အတိုင်း၊ငါရည်ရွယ်ထားသည့် အမှုအရာမှန်သမျှကိုငါပြုမည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version10 အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်ဟု ဆိုလျက်၊ အခန်းကိုကြည့်ပါ။ |
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။