ဟေရှာယ 45:11 - မြန်မာ့စံမီသမ္မာကျမ်11 အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ ထိုလူမျိုးကိုပုံဖော်ဖန်ဆင်းသော ထာဝရဘုရားက “ဖြစ်လာမည့်အရာတို့နှင့်ပတ်သက်၍ ငါ့ကို မေးခွန်းထုတ်ကြသလော။ ငါ့သားသမီးတို့နှင့်ပတ်သက်၍၊ ငါ့လက်ပြုသောအမှုနှင့်ပတ်သက်၍ ငါ့ကို အမိန့်ပေးကြသလော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version11 ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်၊ အနာဂတ်ကိုပြုပြင်ဖန်တီးတော်မူသော ထာဝရဘုရားက၊ ``ငါ၏သားသမီးများနှင့်ပတ်သက်၍ သင်တို့တွင် မေးခွန်းထုတ်ပိုင်ခွင့်မရှိ။ အဘယ်အမှုကိုငါပြုသင့်သည်ဟုလည်း ပြောဆိုပိုင်ခွင့်မရှိ။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version11 ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဖြစ်လတ္တံ့သောအမှုတို့ကို ငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါ့ကိုယ်တိုင်ပြုသော အမှုအတွက်ကြောင့်၊ ငါ့ကို စီရင်ကြလော့။ အခန်းကိုကြည့်ပါ။ |