ဟေရှာယ 42:5 - မြန်မာ့စံမီသမ္မာကျမ်5 မိုးကောင်းကင်ကိုဖန်ဆင်း၍ ဖြန့်ကြက်တော်မူသောအရှင်၊ မြေကြီးနှင့်မြေကြီးမှဖြစ်လာသောအရာတို့ကို ခင်းကျင်းတော်မူသောအရှင်၊ မြေကြီးပေါ်ရှိလူတို့အား ဇီဝအသက်ကိုလည်းကောင်း၊ မြေကြီးပေါ်တွင် အသက်ရှင်သွားလာသောသူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ဘုရားသခင်သည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၍ဖြန့်ကျက်ထားတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးနှင့်တကွ သက်ရှိ သတ္တဝါအပေါင်းကိုဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့အားလည်း၊ အသက်နှင့်ထွက်သက်ဝင်သက်ကိုပေးတော် မူ၏။ ယခုထာဝရအရှင်ဘုရားသခင်ကမိမိ၏ အစေခံအားပြောသည်မှာ၊ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 မိုးကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူထသော၊ မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော၊ မြေကြီးပေါ်မှာရှိသောသူတို့အား အသက်ကိုလည်းကောင်း၊ မြေကြီးကို ကျော်နင်းသော သူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသော ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အခန်းကိုကြည့်ပါ။ |
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။