Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 37:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 အဆီးရီးယား​ဘုရင်​သည် လာခိရှ​မြို့​မှ​ထွက်သွား​ကြောင်း ရာဗရှာခ​ကြား​သဖြင့် ပြန်သွား​ရာ ရှင်ဘုရင်​သည် လိဗန​မြို့​အား​တိုက်ခိုက်​နေ​သည်​ကို တွေ့​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ဧ​က​ရာဇ်​မင်း​သည်​လာ​ခိ​ရှ​မြို့​မှ​ထွက် ခွာ​ပြီး​လျှင် အ​နီး​အ​နား​ရှိ​လိ​ဗ​န​မြို့​ကို တိုက်​ခိုက်​လျက်​ရှိ​ကြောင်း​ကြား​သိ​သော အ​ခါ၊ အာ​ရှု​ရိ​ဗိုလ်​ချုပ်​သည်​မင်း​ကြီး​နှင့် ဆွေး​နွေး​တိုင်​ပင်​ရန် ထို​အ​ရပ်​သို့​သွား​လေ သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 ထို​အ​ခါ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် လာ​ခိ​ရှ​မြို့​မှ ထွက်​သွား​ကြောင်း​ကို ရာ​ဗ​ရှာ​ခ​ကြား​လျှင်၊ ပြန်​သွား၍ လိ​ဗ​န​မြို့​ကို ရှင်​ဘု​ရင်​တိုက်​နေ​သည်​ကို တွေ့​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 37:8
10 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် ယုဒ​ပြည်​၏​လက်အောက်ခံ​ဖြစ်​သော​ဧဒုံ​ပြည်​သည် ယုဒ​ပြည်​ကို ယနေ့​တိုင်အောင် ပုန်ကန်​၏​။ တစ်ချိန်တည်း​မှာ​ပင် လိဗန​ပြည်​လည်း ယုဒ​ပြည်​ကို ပုန်ကန်​၏​။


ယဟောရံ​မင်းကြီး​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စွန့်ပယ်​သောကြောင့် ယုဒ​ပြည်​၏​လက်အောက်ခံ​ဖြစ်​သော ဧဒုံ​ပြည်​သည် သူ့​ကို ယနေ့​တိုင်အောင် ပုန်ကန်​၏​။ တစ်ချိန်တည်းမှာပင် သူ​၏​လက်အောက်ခံ​ဖြစ်​သော လိဗန​ပြည်​သည်​လည်း သူ့​ကို​ပုန်ကန်​လေ​၏​။


ဇေဒကိ​သည် အသက်​နှစ်ဆယ့်​တစ်​နှစ်​တွင် နန်းတက်​၍ ဂျေရုဆလင်​မြို့​၌ တစ်ဆယ့်တစ်​နှစ်​စိုးစံ​လေ​၏​။ မယ်တော်​ကား လိဗန​မြို့သား​ယေရမိ​၏​သမီး ဟာမုတလ​အမည်​ရှိ​၏​။


ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် မက္ကဒါ​မြို့​မှ လိဗန​မြို့​သို့ ချီတက်​ပြီး လိဗန​မြို့​ကို တိုက်ခိုက်​ကြ​၏​။


ယာမုတ်​ဘုရင်​တစ်ပါး​၊ လာခိရှ​ဘုရင်​တစ်ပါး​၊


လာခိရှ​မြို့​၊ ဗောဇကတ်​မြို့​၊ ဧဂလုန်​မြို့​၊


ဟေဗြုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ လိဗန​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ယဇ်ပုရောဟိတ်​အာရုန်​၏​သားမြေး​တို့​အား ပေး​၏​။ (​ဟေဗြုန်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​၏​။)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ