Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 28:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ပညတ်ချက်​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ စည်းမျဉ်း​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ သည်​နည်းနည်း​ဟို​နည်းနည်း ဖြစ်​ပါ​သည်​တကား​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 သူ​သည်​ငါ​တို့​အား​ကြိုး​စား​၍​လုံး​စေ့ ပတ်​စေ့၊ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ် ပြီး​တစ်​ပိုဒ်​သင်​ကြား​လျက်​နေ​၏'' ဟု​ငါ ၏​အ​ကြောင်း​ညဉ်း​ညူ​ပြော​ဆို​ကြ​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 ပ​ညတ်​တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ သည်​ဘက်​မှာ အ​နည်း​ငယ်၊ ဟို​ဘက်​မှာ အ​နည်း​ငယ်​ရှိ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 28:10
11 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ​တို့​၌ ပညတ်ချက်​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ စည်းမျဉ်း​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ သည်​နည်းနည်း​ဟို​နည်းနည်း ဖြစ်​လိမ့်မည်​။ သူ​တို့​သွား​သောအခါ နောက်ပြန်​လဲကျ​မည်​၊ ကျိုးပဲ့​မည်​၊ ကျော့ကွင်း​မိ​မည်​၊ အဖမ်း​ခံရ​မည်​။


ငါ​၏​စပျစ်ခြံ​အတွက် မည်သည့်​အရာ​ကို ထပ်​လုပ်ပေး​ရ​မည်နည်း​။ ငါ​မ​လုပ်ပေး​ခဲ့​သည့်​အရာ ရှိ​သေး​သလော​။ ကောင်း​သော​စပျစ်သီး သီး​လာ​ရန် ငါ​စောင့်မျှော်​ခဲ့​သော်လည်း အဘယ်ကြောင့် စပျစ်သီး​အရိုင်း​များ သီး​ရ​သနည်း​။


အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘိုးဘေး​တို့​အား အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော​နေ့​မှစ၍ ယနေ့​တိုင်အောင် ငါ့​စကား​ကို​နားထောင်​ကြ​လော့​ဟု သူ​တို့​အား အကြိမ်ကြိမ်​သတိပေး​ခဲ့​သော်လည်း


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ငါ့​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌​ဝမ်းမြောက်​ကြ​လော့။ သင်​တို့​ထံသို့ တူညီ​သော​အကြောင်း​များ​ကို ထပ်၍​ရေးသား​ခြင်း​သည် ငါ့​အတွက် ပင်ပန်း​စရာ​မ​ဟုတ်​ဘဲ သင်​တို့​အတွက် ဘေးဆီး​ရန်ကာ​ဖြစ်​၏။


ထို​မိန်းမ​တို့​သည် အမြဲ​သင်ယူ​နေ​ကြ​သော်လည်း မည်သည့်​အခါ​မျှ သမ္မာတရား​ကို​သိရှိ​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။


အမှန်စင်စစ် သင်​တို့​သည် အချိန်​ကာလ​အရ ဆရာ​များ​ဖြစ်​သင့်​ပြီ​ဖြစ်​သော်လည်း ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​၏​အခြေခံ​ကို တစ်စုံတစ်ယောက်​က သင်​တို့​အား အစ​မှ​ပြန်​သင်ပေး​ရန်​လိုအပ်​နေ​၏။ သင်​တို့​၌​လိုအပ်​သည်​မှာ မာ​သော​အစာ​မ​ဟုတ်​ဘဲ နို့ရည်​သာ​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ