Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 22:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ဂျေရုဆလင်​မြို့​ရှိ​အိမ်​များ​ကို​ရေတွက်​၍ မြို့ရိုး​ကို အခိုင်အမာ​ပြုပြင်​ရန် အိမ်​များ​ကို ဖြိုဖျက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 မြို့​ထဲ​ရှိ​အိမ်​များ​ကို​ရေ​တွက်​ကာ​မြို့​ရိုး​များ ပြင်​ဆင်​ရန်​ကျောက်​တုံး​များ​ရ​ရှိ​ရေး​အ​တွက် အိမ်​အ​ချို့​ကို​ဖြို​ချ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အိမ်​များ​ကို ရေ​တွက်​ကြ​လိမ့်​မည်။ မြို့​ရိုး​ကို​ပြု​ပြင်​လို​သော​ငှာ၊ အိမ်​များ​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 22:10
7 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ခံတပ်​မြို့​များ​ကို ခိုင်ခံ့​အောင်​လုပ်​ပြီး ထို​နေရာ​တွင် အုပ်ချုပ်သူ​များ​ကို ခန့်ထား​ကာ စားနပ်ရိက္ခာ​များ​၊ သံလွင်ဆီ​များ​၊ စပျစ်ဝိုင်​များ​ကို သိုလှောင်​ထား​၏​။


သင်​တို့​သည် ရေကန်​ဟောင်း​မှ​ရေ​ကို​သိုလှောင်​ရန် မြို့ရိုး​နှစ်​ခု​ကြားတွင် ရေလှောင်ကန်​ဆောက်လုပ်​ကြ​၏​။ သို့သော် သင်​တို့​သည် ဤ​အမှု​ကို စီရင်​တော်မူ​သော​အရှင်​ကို မ​ကြည့်​ကြ​။ ရှေးယခင်​ကပင် ဤ​အမှု​ကို စီမံ​ထား​တော်မူ​သော​အရှင်​ကို မ​မြင်​ကြ​။


သင်​တို့​သည် ဒါဝိဒ်​၏​မြို့​၌ ကျိုးပေါက်​သည့်​နေရာ​များစွာ​ရှိ​သည်​ကို တွေ့မြင်​ရ​၏​။ အောက်​ရေကန်​၏​ရေ​တို့​ကို သို​ထား​ကြ​၏​။


ထိုအခါ ထာဝရဘုရား​က ဟေရှာယ​အား “​သင်​သည် သင်​၏​သား​ရှာယာရှုပ်​နှင့်အတူ ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​အဆုံး​၌ အာခတ်​မင်းကြီး​နှင့် သွားရောက်​တွေ့ဆုံ​၍


ခါလဒဲ​လူ​တို့​၏​မြေကတုတ်​နှင့် ဓားဘေး​ကို​ခုခံကာကွယ်​ရန် ဖြိုဖျက်​ခံရ​သော ဤ​မြို့​တွင်း​ရှိ အိမ်​များ​၊ ယုဒ​ဘုရင်​တို့​၏​နန်းတော်​များ​နှင့်​ပတ်သက်၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က


အမ္မုန်​ပြည်​၊ ရဗ္ဗာ​မြို့​သို့ ဓား​သွား​မည့်​လမ်း​တစ်​လမ်း​နှင့် ယုဒ​ပြည်​၊ ဂျေရုဆလင်​ခံတပ်​မြို့​သို့ ဓား​သွား​မည့်​လမ်း​တစ်​လမ်း​ကို မှတ်သား​ရ​မည်​။


သင်​၏​မွေးသဖခင်​ကျောက်ဆောင်​ကို သင်​သတိမရ​၊ သင့်​ကို​မွေးဖွား​တော်မူ​သော​ဘုရားသခင်​ကို သင်​မေ့လျော့​လေ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ