ဟေရှာယ 2:16 - မြန်မာ့စံမီသမ္မာကျမ်16 တာရှုသင်္ဘောနှင့် နှစ်သက်ဖွယ်သောရေယာဉ် အစရှိသမျှတို့ကို အားလုံးဖျက်ဆီးတော်မူမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 ကိုယ်တော်သည်အကြီးဆုံးအလှဆုံးသော သင်္ဘောများကိုပင် နစ်မြုပ်စေတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 တာရှုသင်္ဘော အပေါင်းတို့ကိုလည်းကောင်း၊ နှစ်သက်ဖွယ်သော ရူပါရုံအလုံးစုံတို့ကိုလည်းကောင်း ဆီးတားလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကယ်စင်စစ် ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်ကြလိမ့်မည်။ သင့်ကို ဘုန်းထင်ရှားစေတော်မူပြီဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အတွက်၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်အတွက် တာရှုသင်္ဘောတို့သည် သင်၏သားတို့ကို သူတို့၏ရွှေငွေများနှင့်အတူ အဝေးမှ အဦးဆုံးခေါ်ဆောင်လာလိမ့်မည်။
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။