ဟေရှာယ 19:25 - မြန်မာ့စံမီသမ္မာကျမ်25 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါ၏လူဖြစ်သောအီဂျစ်လူမျိုး၊ ငါ့လက်ဖြင့်ပုံဖော်ဖန်ဆင်းထားသူဖြစ်သောအဆီးရီးယားလူမျိုး၊ ငါ့အမွေဥစ္စာဖြစ်သောအစ္စရေးလူမျိုးတို့၌ မင်္ဂလာရှိကြစေသတည်း”ဟု သူတို့ကို ကောင်းချီးပေးတော်မူမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version25 အနန္တတန်ခိုးရှင်ထာဝရဘုရားကထို ပြည်တို့ကိုကောင်းချီးပေး၍``ငါ၏လူစု အီဂျစ်အမျိုးသားတို့၊ ငါဖန်ဆင်းထားသူ အာရှုရိအမျိုးသားတို့နှင့် ငါရွေးကောက် သောလူမျိုးတော်ဣသရေလအမျိုးသား တို့၊ သင်တို့အားငါကောင်းချီးပေးမည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version25 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကလည်း၊ ငါ၏လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိအမျိုး၊ ငါ၏အမွေဥစ္စာဖြစ်သော ဣသရေလအမျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းချီးပေးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။