ဟေရှာယ 1:1 - မြန်မာ့စံမီသမ္မာကျမ်1 ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ဤကျမ်းစောင်တွင် ယုဒဘုရင်များဖြစ်သော သြဇိမင်း၊ ယောသံမင်း၊ အာခတ်မင်းနှင့်ဟေဇကိ မင်းတို့၏လက်ထက်၌ ယုဒပြည်နှင့်ယေရုရှလင် မြို့အဘယ်သို့ဖြစ်ပျက်မည်ကို အာမုတ်၏သား ဟေရှာယအားထာဝရဘုရားပေးတော်မူ သောဗျာဒိတ်တော်များပါရှိ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့လက်ထက်၌၊ အာမုတ်၏သားဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကိုခံရသည်မှာ၊ အခန်းကိုကြည့်ပါ။ |
အို ဇိအုန်တောင်၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ မြင့်မားသောတောင်ပေါ်သို့ တက်လော့။ အို ဂျေရုဆလင်မြို့၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ သင့်အသံကို အစွမ်းကုန်လွှင့်လော့။ အသံကိုလွှင့်လော့။ မကြောက်နှင့်။ “ကြည့်ရှုလော့။ ဤသည်ကား သင်တို့၏ဘုရားသခင်ပေတည်း”ဟု ယုဒမြို့တို့အား ပြောကြားလော့။