ဟောရှေ 2:12 - မြန်မာ့စံမီသမ္မာကျမ်12 ‘ငါ့ချစ်သူတို့က ငါ့ကိုလက်ဆောင်ပေးသည်’ဟုဆိုသည့် သူ၏စပျစ်ပင်၊ သဖန်းပင်တို့ကိုလည်း ငါဖျက်ဆီး၍ တောအုပ်ဖြစ်စေကာ တောရိုင်းတိရစ္ဆာန်တို့ ကျက်စားရာဖြစ်စေမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 သူ၏ချစ်သူများကသူ့အားလက်ဆောင် အဖြစ်ပေးသည်ဟုဆိုသောစပျစ်ပင်နှင့် သဖန်းပင်များကိုငါဖျက်ဆီးမည်။ ငါသည် သူ၏စပျစ်ခြံနှင့်သစ်သီးခြံတို့ကိုသားရဲ များကိုက်ဖြတ်ဖျက်ဆီးသဖြင့် ချုံနွယ်ပိတ် ပေါင်းထူသောအရပ်ဖြစ်စေမည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version12 ဤသည်ကား၊ ငါ့ရည်းစားပေးသော ဆုလက်ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း၍၊ လွင်ပြင်ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
“ယုဒဘုရင်ဟေဇကိမင်းကြီးလက်ထက်တွင် မောရရှရွာသားမိက္ခာက ယုဒလူမျိုးအပေါင်းတို့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကိုခံရလိမ့်မည်။ ဂျေရုဆလင်မြို့သည် အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရာတောင်သည် တောအုပ်ဖြစ်လိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပရောဖက်ပြုဟောပြောခဲ့သည်ကို
ထိုလူမျိုးသည် သင်၏အသီးအနှံ၊ အစားအစာတို့ကို ဝါးမျိုလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏သိုးအုပ်၊ နွားအုပ်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏စပျစ်ပင်၊ သင်္ဘောသဖန်းပင်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်ကိုးစားသောသင်၏ခံတပ်မြို့များကိုပါမချန် ဓားလက်နက်ဖြင့်ဖျက်ဆီးလိမ့်မည်”ဟု မိန့်တော်မူ၏။