Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 9:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 တဲ​တော်​ပထမ​အခန်း​တည်ရှိ​နေ​သရွေ့ အလွန်​သန့်ရှင်း​ရာ​ဌာန​သို့​ဝင်ရောက်​ရာ​လမ်း​သည် မ​ပွင့်​သေး​ကြောင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​က ဤ​အမှုအရာ​အားဖြင့် ဖော်ပြ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ဤ​ထုံး​နည်း​အ​ရ​အ​ပြင်​တဲ​တော်​တည်​ရှိ​နေ သ​မျှ​ကာ​လ​ပတ်​လုံး​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​ရန် လမ်း​သည်​ပိတ်​လျက်​ပင်​ရှိ​မည် ဖြစ်​ကြောင်း​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​ရှင်း လင်း​စွာ​သွန်​သင်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 ပ​ထ​မ​တဲ​တော် မ​ပျက်​မီ​တိုင်​အောင်၊ သန့်​ရှင်း​ရာ​ဌာ​န​သို့ သွား​သော​လမ်း မ​ဖွင့်​သေး​သော အ​ကြောင်း​ကို ထို​အ​မှု​အ​ရာ​အား​ဖြင့် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် အ​ရိပ်​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 9:8
15 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ကိုယ်တော်​သည် မောရှေ​နှင့်​လူမျိုး​တော်​တို့​ခေတ်​မှ​အချိန်​ကာလ​ကို အောက်မေ့​တော်မူ​၏​။ သိုးစု​ကို သိုးထိန်း​တို့​နှင့်အတူ ပင်လယ်​ထဲမှ​ခေါ်ဆောင်​လာ​သော​သူ​ကား အဘယ်မှာ​နည်း​။ သူ​တို့​အလယ်​၌ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ချပေး​သော​သူ​ကား အဘယ်မှာ​နည်း​။


သူငယ်​သည်​လည်း​ကြီးထွား​၍ စိတ်​ဝိညာဉ်​ကြံ့ခိုင်​လာ​ကာ အစ္စရေး​လူမျိုး​ရှေ့၌ ထင်ရှား​သည့်​နေ့ရက်​တိုင်အောင် တော​ကန္တာရ​၌​နေ​လေ​၏။


ထို့ကြောင့် တစ်ဖန် ယေရှု​က“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​သည် သိုး​တို့​ဝင်​သော​တံခါးပေါက်​ဖြစ်​၏။


ငါ​သည် တံခါးပေါက်​ဖြစ်​၏။ မည်သူမဆို ငါ့​အားဖြင့်​ဝင်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။ ထို​သူ​သည် ဝင်​ထွက်​ကာ ကျက်စား​ရာ​ကို​တွေ့​ရ​လိမ့်မည်။


ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။


ထိုအခါ အချင်းချင်း​ကြား​၌ သဘောထား​ကွဲလွဲ​သဖြင့် ပြန်သွား​ကြ​စဉ်တွင် ပေါလု​က “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် ပရောဖက်​ဟေရှာယ​အားဖြင့် သင်​တို့​ဘိုးဘေး​တို့​အား လျောက်ပတ်​စွာ​ဟောပြော​ခဲ့​သည်​ကား


ဘုရားသခင်​သည် လူမျိုးခြား​တို့​ကို ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​မည်​ဖြစ်​ကြောင်း ကျမ်းစာ​သည် ကြိုတင်​သိမြင်​၍ အာဗြဟံ​အား “လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့် ကောင်းချီး​မင်္ဂလာ​ခံစား​ရ​လိမ့်မည်”​ဟူသည့် ကောင်းမြတ်​သော​သတင်း​ကို ကြိုတင်​ဟောပြော​လေ​၏။


ဤသို့ဖြင့် ငါ​တို့​နှစ်မျိုးစလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​၌ ခမည်းတော်​ထံသို့​တိုးဝင်​ခွင့်​ကို ကိုယ်တော်​အားဖြင့်​ရရှိ​ကြ​၏။


သန့်ရှင်း​သော​ဝိညာဉ်​တော်​သည်​လည်း ငါ​တို့​အား​သက်သေခံ​၍


ထို့ကြောင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင်


ဒုတိယ​ကန့်လန့်ကာ​၏​နောက်တွင်​မူကား အလွန်​သန့်ရှင်း​ရာ​ဌာန​ဟု​ခေါ်​သော​တဲ​တော်​ရှိ​၏။


အကြောင်းမူကား ပရောဖက်ပြု​ဟောပြော​ချက်​သည် မည်သည့်​အခါ​မျှ လူ​၏​အလိုဆန္ဒ​အရ​ဖြစ်ပေါ်​လာ​သည်​မ​ဟုတ်။ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​နှိုးဆော်​ခြင်း​ကို ခံရ​သော​သူ​တို့​သည် ဘုရားသခင်​ထံမှ​လာ​သော​စကား​ကို ဟောပြော​ကြ​ခြင်း​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ