Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 9:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 အကြောင်းမူကား ညစ်ညူး​ခြင်း​ရှိ​သော​သူ​တို့​အပေါ်​ပက်ဖျန်း​သော ဆိတ်​သွေး၊ နွားလား​၏​သွေး​နှင့် နွားမတမ်း​၏​ပြာ​တို့​သည် ကိုယ်ကာယ​ကို​စင်ကြယ်​စေ​၍ သူ​တို့​ကို​သန့်ရှင်း​စေ​သည်​ဆိုလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ဆိတ်​သွေး၊ နွား​သွေး၊ နွား​မ​က​လေး​၏​ပြာ​တို့ ကို​ညစ်​ညမ်း​သူ​တို့​၏​အ​ပေါ်​ပက်​ဖျန်း​သ​ဖြင့် အ​ညစ်​အ​ကြေး​များ​ကို​ဆေး​ကြော​သုတ်​သင် ကာ​လူ​တို့​အား​သန့်​စင်​နိုင်​စွမ်း​ရှိ​ပါ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 အ​ကြောင်း​မူ​ကား၊ အ​ညစ်​အ​ကြေး​ရှိ​သော သူ​တို့​အ​ပေါ်၌ ဖျန်း​သော​နွား​အ​သွေး၊ ဆိတ်​အ​သွေး၊ နွား​မ က​လေး၏​ပြာ​သည်၊ သူ​တို့​ကိုယ်​ခ​န္ဓာ၌ စင်​ကြယ်​ခြင်း​ကို ပြု​နိုင်​သည်​မှန်​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 9:13
12 ပူးပေါင်းရင်းမြစ်များ  

ဤ​လူ​အပေါင်း​တို့​သည် သန့်ရှင်းရာဌာန​၏​သန့်ရှင်း​ခြင်း​နည်း​အတိုင်း​မ​ဟုတ်​သော်လည်း သူ​တို့​၏​ဘိုးဘေး​တို့​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကို​ရှာ​ရန် စိတ်ပိုင်းဖြတ်​ထား​သည်​ဖြစ်​၍ သူ​တို့​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပါ​”​ဟု သူ​တို့​အတွက် ဆုတောင်း​ပေး​သောကြောင့်​ဖြစ်​၏​။


အကျွန်ုပ်​ကို ဟုဿုပ်ခက်​ဖြင့် သန့်စင်​စေ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် စင်ကြယ်​ပါ​လိမ့်မည်​။ အကျွန်ုပ်​ကို​ဆေးကြော​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် နှင်းပွင့်​ထက် ပို၍​ဖြူ​ပါ​လိမ့်မည်​။


သင်​တို့​ကို သန့်ရှင်း​သော​ရေ​နှင့်​ပက်ဖျန်း​သဖြင့် သင်​တို့​သည် စင်ကြယ်​လိမ့်မည်​။ သင်​တို့​၏​အညစ်အကြေး​၊ သင်​တို့​၏​ရုပ်တုဆင်းတု​ရှိသမျှ​တို့​မှ​လည်း သင်​တို့​ကို စင်ကြယ်​စေ​မည်​။


သူ​စင်ကြယ်​ပြီးသည့်နောက် သူ့​အတွက် ခုနစ်​ရက်​ရေတွက်​ရ​မည်​။


သူ​တို့​စင်ကြယ်​အောင် ဤသို့​ပြု​ရ​မည်​။ သူ​တို့​အပေါ် စင်ကြယ်​စေ​ခြင်း​ဆိုင်ရာ​ရေ​ကို ဖျန်း​ရ​မည်​။ သူ​တို့​သည် တစ်ကိုယ်လုံး​ရှိ​အမွေး​များ​ကို​ရိတ်​ပြီး အဝတ်​များ​ကို လျှော်​ခြင်း​ဖြင့် မိမိကိုယ်မိမိ စင်ကြယ်​စေ​ရ​မည်​။


ဘုရားသခင်​သည် သူ​တို့​နှင့်​ငါ​တို့​ကို လုံးဝ​ခွဲခြား​တော်​မ​မူ​ဘဲ ယုံကြည်​ခြင်း​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ကို စင်ကြယ်​စေ​တော်မူ​၏။


သို့ဖြစ်လျှင် ဘုရားသခင်​၏​သား​တော်​ကို​နင်းချေ​၍ မိမိ​အား​သန့်ရှင်း​စေ​သော​ပဋိညာဉ်​ဆိုင်ရာ​သွေး​တော်​ကို မစင်ကြယ်​သည့်​အရာ​ဟု မှတ်ယူ​လျက် ကျေးဇူး​တော်​နှင့်ဆိုင်သော​ဝိညာဉ်​တော်​ကို မထီမဲ့မြင်​ပြု​သော​သူ​သည် မည်မျှလောက် ပို၍​ကြီးလေး​သော​အပြစ်ဒဏ်​ကို ခံထိုက်​သည်​ဟု သင်​တို့​ထင်​ကြ​သနည်း။


အကြောင်းမူကား နွားလား​နှင့်​ဆိတ်​တို့​၏​သွေး​သည် အပြစ်​များ​ကို​မ​ဖယ်ရှား​နိုင်​ပေ။


အကြောင်းမူကား မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​ပါ​သမျှ​သော​ပညတ်​ချက်​တို့​ကို လူ​အပေါင်း​တို့​အား​ကြေညာ​ပြီးလျှင် ရေ​နှင့်​ရောနှော​သော နွားသငယ်​နှင့်​ဆိတ်​တို့​၏​သွေး​ကို​ယူ​၍ ထို​ကျမ်း​မှစ၍ လူ​အပေါင်း​တို့​ကို နီမြန်း​သော​သိုးမွေး​နှင့်​ဟုဿုပ်​ညွန့်​ဖြင့် ပက်ဖျန်း​လျက်


သင်​တို့​သည် သမ္မာတရား​ကို​နာခံ​ခြင်း​အားဖြင့် သင်​တို့​၏​စိတ်​ဝိညာဉ်​များ​ကို သန့်ရှင်း​စင်ကြယ်​စေ​ပြီး ဟန်ဆောင်​မှု​ကင်း​သည့် ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​ရရှိ​ကြ​သည်​ဖြစ်၍ ဖြူစင်​သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​ခိုင်မြဲ​စွာ​ချစ်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ