ဟေဗြဲ 8:6 - မြန်မာ့စံမီသမ္မာကျမ်6 သို့သော် ယခုအခါ ကိုယ်တော်သည် သာ၍မြတ်သောကတိတော်များအပေါ်အခြေခံထားသည့် သာ၍မြတ်သောပဋိညာဉ်၏ကြားဝင်စေ့စပ်သူဖြစ်တော်မူသည်နှင့်အညီ သာ၍ထူးမြတ်သောအမှုတော်ကိုရရှိတော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 သို့ရာတွင်ဘုရားနှင့်လူအကြားတွင်သခင် ယေရှုစီစဉ်ပေးသည့်ပဋိညာဉ်တရားတော် သည် ပို၍ကောင်းမွန်သောအရာများဆိုင်ရာ ကတိတော်များအပေါ်တွင်အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက်ပိုမိုကောင်းမြတ် သကဲ့သို့ သခင်ယေရှုထမ်းဆောင်ရသည့်ယဇ် ပုရောဟိတ်တာဝန်ဝတ္တရားများသည်လည်း ထို ယဇ်ပုရောဟိတ်တို့၏တာဝန်ဝတ္တရားများ ထက်သာလွန်ကြီးမြတ်ပေသည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 ထိုမှတစ်ပါး၊ ယေရှုသည် သာ၍မြတ်သော ကတိတော်တို့၌တည်သော၊ သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍မြတ်သော ဝတ်ပြုခြင်းအခွင့်အရာကို ရတော်မူ၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် ထိုဘုန်းအသရေနှင့်ကောင်းမြတ်တော်မူခြင်းတို့အားဖြင့် ကြီးမြတ်၍ အဖိုးတန်သောကတိတော်များကို ငါတို့အား ပေးသနားတော်မူ၏။ ဤသည်ကား ထိုကတိတော်အားဖြင့် သင်တို့သည် ဤကမ္ဘာလောက၌ရှိသည့်တပ်မက်ခြင်းကြောင့် ဖြစ်ပေါ်လာသောပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဇာတိအဖြစ်တော်ကိုမျှဝေခံစားသူများဖြစ်လာကြမည့်အကြောင်းတည်း။