ဟေဗြဲ 3:18 - မြန်မာ့စံမီသမ္မာကျမ်18 ထို့ပြင် “ကိုယ်တော်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု မည်သူတို့အား တိုင်တည်၍မိန့်တော်မူခဲ့သနည်း။ နာခံခြင်းမရှိသောသူများကိုပင်မဟုတ်လော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 ``သူတို့သည်ငြိမ်ဝပ်ရာချမ်းသာရရှိရန် ပြည်တော်သို့ဝင်ခွင့်ကို အဘယ်အခါ၌မျှ ငါပေးလိမ့်မည်မဟုတ်'' ဟုအဘယ်သူတို့ ကိုရည်ညွှန်း၍ဘုရားသခင်ကျိန်ဆိုတော် မူပါသနည်း။ ကိုယ်တော်၏စကားကိုနား မထောင်သူများကိုရည်ညွှန်းခြင်းပင် မဟုတ်လော။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version18 သင်တို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု ကျိန်ဆိုတော်မူသော သူတို့ကား၊ မယုံကြည်သောသူမှတစ်ပါး အဘယ်သူနည်း။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် သင်တို့ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်၍ ‘သင်တို့အား ငါပေးသောပြည်ကို သွား၍သိမ်းပိုက်လော့’ဟု မိန့်တော်မူသောအခါ၌လည်း သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်ကြ၏။ သင်တို့သည် ကိုယ်တော်ကိုမယုံ၊ ကိုယ်တော်၏စကားတော်ကိုလည်းနားမထောင်ကြ။