ဟေဗြဲ 13:17 - မြန်မာ့စံမီသမ္မာကျမ်17 သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version17 သင်တို့ခေါင်းဆောင်များ၏စကားကိုနား ထောင်ကြလော့။ သူတို့ပြောသည့်အတိုင်းပြု ကြလော့။ သူတို့သည်မိမိတို့ပြုသည့်အမှု ကိုဘုရားသခင်အားအစီရင်ခံရမည် ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကိုနေ့ရောည ပါကြည့်ရှုစောင့်ရှောက်လျက်နေကြပေ သည်။ သင်တို့သည်သူတို့စကားကိုနား ထောင်ပါလျှင် သူတို့ရွှင်လန်းဝမ်းမြောက် စွာလုပ်ဆောင်ကြလိမ့်မည်။ သို့မဟုတ်လျှင် သူတို့ဝမ်းနည်းရကြသဖြင့်သင်တို့ တွင်အဘယ်သို့မျှအကျိုးရှိလိမ့်မည် မဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version17 သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။- အခန်းကိုကြည့်ပါ။ |