ဟေဗြဲ 12:3 - မြန်မာ့စံမီသမ္မာကျမ်3 ထို့ကြောင့် သင်တို့သည် စိတ်ပင်ပန်းနွမ်းနယ်၍ စိတ်ပျက်ခြင်းမရှိစေရန် အပြစ်သားတို့၏ထိုကဲ့သို့သောဆန့်ကျင်မှုကိုသည်းခံတော်မူသောအရှင်ကို အောက်မေ့ဆင်ခြင်ကြလော့။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 အပြစ်သားတို့၏ပြင်းထန်စွာမုန်းတီးခြင်း ကိုကိုယ်တော်အဘယ်မျှခံတော်မူကြောင်း သင်တို့ထောက်ရှုဆင်ခြင်လျက်စိတ်ပျက် အားလျော့ခြင်းမရှိကြနှင့်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။ အခန်းကိုကြည့်ပါ။ |
လူ့သားသည် ရောက်လာ၍ စားသောက်လျက်နေသော် ‘ကြည့်ရှုလော့။ သူသည် အစားကြူးသောသူ၊ သေသောက်ကြူးသောသူဖြစ်ပြီး အခွန်ကောက်ခံသူများနှင့် အပြစ်သားများ၏အပေါင်းအသင်းဖြစ်ပါသည်တကား’ဟု ဆိုကြပြန်၏။ သို့သော် ဉာဏ်ပညာတော်သည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ဆောင်မှုများက ဖော်ပြ၏”ဟု မိန့်တော်မူ၏။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။