ဟေဗြဲ 12:1 - မြန်မာ့စံမီသမ္မာကျမ်1 ထို့ကြောင့် ဤမျှလောက်များပြားသောသက်သေတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည် လေးသောဝန်နှင့် အလွယ်တကူငြိတွယ်တတ်သည့်သဘောရှိသော အပြစ်ရှိသမျှတို့ကို ဖယ်ရှားလျက် ငါတို့ရှေ့၌ပြင်ဆင်ထားသောပြေးပွဲကို ဇွဲလုံ့လဖြင့်ပြေးကြကုန်စို့။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။- အခန်းကိုကြည့်ပါ။ |
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ဤသည်ကား ဗျာဒိတ်တော်အရသွားခြင်းဖြစ်၏။ ထိုအခါ ငါသည် လူမျိုးခြားတို့ထဲ၌ ငါဟောပြောသည့် ကောင်းမြတ်သောသတင်းကို သူတို့အားတင်ပြပြီး အထင်ကရဖြစ်သောသူတို့ကိုမူကား သီးသန့်တင်ပြခဲ့၏။ ထိုသို့တင်ပြခဲ့ခြင်းမှာ ငါကြိုးစားအားထုတ်နေသောအရာဖြစ်စေ၊ ကြိုးစားအားထုတ်ခဲ့သောအရာဖြစ်စေ အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးမဖြစ်စေရန်ဖြစ်၏။