Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 11:31 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

31 ပြည့်တန်ဆာ​ရာခပ်​သည် ယုံကြည်​ခြင်း​အားဖြင့် သူလျှို​တို့​ကို ငြိမ်းချမ်း​စွာ​လက်ခံ​သောကြောင့် မ​ယုံကြည်​သော​သူ​တို့​နှင့်အတူ​မ​ပျက်စီး​ခဲ့​ရ​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

31 ပြည့်​တန်​ဆာ​ရာ​ခပ်​သည်​ဣသ​ရေ​လ​သူ​လျှို​တို့ အား​ဖော်​ရွေ​စွာ​လက်​ခံ​ခဲ့​သည့်​အ​တွက် ဘု​ရား သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင်​သူ​တို့​နှင့် အ​တူ​အ​သတ်​မ​ခံ​ရ​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

31 ပြည်​တန်​ဆာ​ရာ​ခပ်​သည် သူ​လျှို​တို့​ကို အ​ဆွေ​ဖွဲ့၍ လက်​ခံ​သော​ကြောင့်၊ မ​ယုံ​ကြည်​သော​သူ​တို့​နှင့် အ​တူ မ​ပျက်​စီး​ဘဲ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ချမ်း​သာ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 11:31
10 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​၏​သား၊ ဒါဝိဒ်​၏​သား​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​စာရင်း​ဟူမူကား


စာလမုန်​သည် ရာခပ်​အားဖြင့် သား​ဗောဇ​ကို​ရ​၏။ ဗောဇ​သည် ရုသ​အားဖြင့် သား​ဩဗက်​ကို​ရ​၏။ ဩဗက်​သည် သား​ယေရှဲ​ကို​ရ​၏။


ထို့နောက် အချိန်​အတန်ကြာ​နေ​ပြီးမှ ညီအစ်ကို​တို့​သည် သူ​တို့​ကို ငြိမ်းချမ်း​စွာ​ပြန်လွှတ်​သဖြင့် သူ​တို့​သည် မိမိ​တို့​ကို​စေလွှတ်​သော​သူ​တို့​ထံသို့ ပြန်သွား​ကြ​၏။


ထို့ပြင် “ကိုယ်တော်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု မည်သူ​တို့​အား တိုင်တည်​၍​မိန့်​တော်မူ​ခဲ့​သနည်း။ နာခံ​ခြင်း​မ​ရှိ​သော​သူ​များ​ကို​ပင်​မ​ဟုတ်​လော။


ထိုနည်းတူ ပြည့်တန်ဆာ​ရာခပ်​သည်​လည်း စေတမန်​တို့​ကို​လက်ခံ​၍ အခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်​သောအခါ ထို​လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်​လော။


ထာဝရဘုရား​၏​အစေအပါး​မောရှေ​ကွယ်လွန်​ပြီးသည့်နောက် မောရှေ​၏​လက်ထောက်​ဖြစ်​သော နုန်​၏​သား​ယောရှု​အား ထာဝရဘုရား​က


“​ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်” ဖြစ်​၏။ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို မ​ယုံကြည်​သောကြောင့် ခလုတ်တိုက်​ကြ​၏။ ထိုသို့​ဖြစ်​ရန် သူ​တို့​ကို သတ်မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။


ထို​ဝိညာဉ်​များ​မှာ တစ်ချိန်က နောဧ​လက်ထက်​၌ သင်္ဘော​တည်ဆောက်​စဉ်​တွင် ဘုရားသခင်​သည် စိတ်ရှည်​စွာ​ဖြင့် စောင့်ဆိုင်း​တော်မူ​သော်လည်း နာခံ​ခြင်း​မ​ရှိ​ခဲ့​သော​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ ထို​သင်္ဘော​ထဲ၌ ရှစ်​ယောက်​မျှ​ဖြစ်​သော လူ​အနည်းငယ်​တို့​သာ ရေ​မှတစ်ဆင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ