Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 10:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 အကယ်၍ စုံလင်​စေ​နိုင်​ခဲ့​လျှင် ဝတ်ပြု​သော​သူ​တို့​သည် တစ်ခါတည်း​နှင့် စင်ကြယ်​ခြင်း​သို့​ရောက်​လျက် အပြစ်​ရှိ​သည်​ဟူသော​အသိစိတ်​မ​ရှိ​တော့​သဖြင့် ယဇ်​ပူဇော်​ခြင်း​ကို​ရပ်တန့်​ကြ​လိမ့်မည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 အ​ကယ်​၍​သာ​ယင်း​သို့​ဖြစ်​လာ​စေ​နိုင်​မည်​ဆို ပါ​က၊ ကိုး​ကွယ်​ဝတ်​ပြု​သူ​တို့​သည်​တစ်​ခါ​တည်း သန့်​စင်​၍​သွား​ကြ​မည်​ဖြစ်​ရာ မိ​မိ​တို့​တွင် အ​ပြစ်​ရှိ​နေ​သေး​သည်​ဟူ​၍​မ​ထင်​မှတ်​ကြ တော့​ဘဲ​ယဇ်​များ​ကို​ပူ​ဇော်​ကြ​တော့​မည် မ​ဟုတ်​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 တည်​စေ​နိုင်​လျှင်၊ ဝတ်​ပြု​သော​သူ​တို့​သည် တစ်​ခါ​တည်း​နှင့် စင်​ကြယ်​ခြင်း​သို့ ရောက်​ပြီး​မှ၊ နောက်​တစ်​ဖန် သံ​ဝေ​ဂ​တ​ရား​ရ​စ​ရာ​အ​ကြောင်း အ​လျှင်း​မ​ရှိ​သည်​ဖြစ်​သော​ကြောင့်၊ ထို​ယဇ်​တို့​ကို တစ်​ခါ​တည်း​သာ​ပူ​ဇော်၍၊ နောက်​တစ်​ဖန် မ​ပူ​ဇော်​ဘဲ​နေ​ရ​ကြ​မည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 10:2
8 ပူးပေါင်းရင်းမြစ်များ  

အရှေ့​အရပ်​သည် အနောက်​အရပ်​နှင့်​ဝေးကွာ​သည့်​အတိုင်း ကိုယ်တော်​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ငါ​တို့​နှင့်​ဝေးကွာ​စေ​တော်မူ​၏​။


ငါ​ကိုယ်တော်တိုင် သင်​ကျူးလွန်​သော​အပြစ်​တို့​ကို ငါ့​အဖို့ ငါ​ပယ်ဖျက်​၏​။ သင်​၏​အပြစ်​တို့​ကို ငါ​အောက်မေ့​မည်​မ​ဟုတ်​။


သင်​ကျူးလွန်​သော​အပြစ်​တို့​ကို တိမ်တိုက်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင်​၏​အပြစ်​တို့​ကို မိုးတိမ်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင့်​ကို​ငါ​ရွေးနုတ်​ပြီ​ဖြစ်၍ ငါ့​ထံသို့​ပြန်လာ​လော့​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို သနားစုံမက်​တော်မူ​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို နင်းချေ​တော်မူ​မည်​။ အပြစ်​ရှိသမျှ​ကို​လည်း ပင်လယ်​ရေနက်​ရာ​ထဲသို့ ပစ်ချ​တော်မူ​မည်​။


သင်​နှင့်​ဖွဲ့​သော​အသွေး​တော်​ပဋိညာဉ်​ကြောင့် ရေ​မ​ရှိ​သော​တွင်း​ထဲတွင်​နေ​ရ​သော​အကျဉ်းသား​တို့​ကို ငါ​လွှတ်ပေး​မည်​။


တစ်ဖန် “ငါ​သည် သူ​တို့​၏​အပြစ်​များ​နှင့်​တရားမဲ့​ခြင်း​များ​ကို လုံးဝ​သတိရ​တော့မည်​မ​ဟုတ်”​ဟု မြွက်ဆို​တော်မူ​၏။


အကြောင်းမူကား မည်သူမဆို မတရား​သဖြင့် ဒုက္ခ​ဝေဒနာ​ကို​ခံစား​ရ​သောအခါ ဘုရားသခင်​နှင့်ဆိုင်သော​အသိစိတ်​ကို​ထောက်​၍ ဝမ်းနည်း​ခြင်း​ကို​သည်းခံ​လျှင် ဂုဏ်ယူ​ဖွယ်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ