Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟ​ဂ္ဂဲ 2:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 တစ်ဖန် ဒါရိ​မင်းကြီး နန်းစံ ဒုတိယ​နှစ်​၊ နဝမ​လ​၊ နှစ်ဆယ့်​လေး​ရက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ဟဂ္ဂဲ​ထံသို့ ရောက်လာ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10-12 ဧ​က​ရာဇ်​မင်း​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​နေ့​၌​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည်​ပ​ရော​ဖက်​ဟ္ဂဲ​ထံ​ရောက်​လာ​တော် မူ​ပြန်​၏။ ကိုယ်​တော်​က``အ​ကယ်​၍​လူ​တစ် ဦး​တစ်​ယောက်​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​ထား​သည့်​အ​မဲ​သား​ကို မိ​မိ​၏ ဝတ်​လုံ​အ​မြိတ်​ဖြင့်​ထုပ်​၍​ယူ​ဆောင်​ခဲ့ ပြီး​နောက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​သို့​မ​ဟုတ် မည်​သည့်​အ​စား​အ​စာ​မျိုး​ကို​မ​ဆို​ဝတ် လုံ​နှင့်​ထိ​မိ​လျှင် ထို​အ​စား​အ​စာ​များ သည်​လည်း​ဆက်​ကပ်​ပူ​ဇော်​ရာ​အ​စား အ​စာ​များ​ဖြစ်​သွား​မည်​မ​သွား​မည် ကို ပ​ညတ်​တော်​အ​ရ​အ​ဆုံး​အ​ဖြတ် ပေး​ရန်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​မေး​မြန်း လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။ ထို​ပြ​ဿ​နာ​ကို​တင်​ပြ​သော​အ​ခါ​ယဇ် ပု​ရော​ဟိတ်​တို့​က``ထို​အ​စား​အ​စာ​များ သည်​သန့်​စင်​၍​မ​သွား​ပါ'' ဟု​ဖြေ​ကြား ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ န​ဝ​မ​လ​နှစ်​ဆယ် လေး​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ပ​ရော​ဖက်​ဟ​ဂ္ဂဲ​အား​ဖြင့် ရောက်​လာ​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟ​ဂၢဲ 2:10
6 ပူးပေါင်းရင်းမြစ်များ  

ဒါရိ​မင်းကြီး​နန်းစံ ဒုတိယ​နှစ်​၊ ဆဋ္ဌမ​လ​၊ တစ်ရက်နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ဟဂ္ဂဲ​မှတစ်ဆင့် ရှာလသေလ​၏​သား ယုဒ​ဘုရင်ခံ​ဇေရုဗဗေလ​နှင့် ယောဇဒက်​၏​သား ယဇ်ပုရောဟိတ်​မင်း​ယောရှု​တို့​ထံသို့ ရောက်လာ​သည်​မှာ ဤသို့​တည်း​။


ထို​အချိန်​သည် ဒါရိ​မင်းကြီး​နန်းစံ​ဒုတိယ​နှစ်​၊ ဆဋ္ဌမ​လ​၊ နှစ်ဆယ့်​လေး​ရက်​နေ့ ဖြစ်​၏​။


ယနေ့​မှစ၍ သင်​တို့ နှလုံးသွင်း​ဆင်ခြင်​ကြ​လော့​။ ထာဝရဘုရား​၏​ဗိမာန်​တော်​ကို အုတ်မြစ်ချ​သော​နေ့​၊ နဝမ​လ နှစ်ဆယ့်​လေး​ရက်​နေ့​မှစ၍ သင်​တို့ နှလုံးသွင်း​ဆင်ခြင်​ကြ​လော့​။


ထို​လ​၊ နှစ်ဆယ့်​လေး​ရက်​နေ့​တွင်​ပင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဟဂ္ဂဲ​ထံ ဒုတိယအကြိမ်​ရောက်လာ​၍


ဒါရိ​မင်းကြီး​နန်းစံ ဒုတိယ​နှစ်​၊ အဋ္ဌမ​လ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဣဒေါ​၏​မြေး​၊ ဗေရခိ​၏​သား ပရောဖက်​ဇာခရိ​ထံသို့​ရောက်လာ​၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ