Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 9:11 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 သင်​တို့​၌​တည်​စေ​သော ငါ​၏​ပဋိညာဉ်​မှာ ‘​သတ္တဝါ​အပေါင်း​တို့​သည် ရေလွှမ်းမိုးမှု​အားဖြင့် မည်သည့်​အခါ​မျှ ဖယ်ရှား​ခြင်း​ခံရ​တော့​မည်​မ​ဟုတ်​။ မြေကြီး​ကို​ဖျက်ဆီး​မည့်​ရေလွှမ်းမိုး​ခြင်း​သည် မည်သည့်​အခါ​မျှ ဖြစ်ပေါ်​တော့​မည်​မ​ဟုတ်​’​ဟူ၍ ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 သင်​တို့​နှင့်​ငါ​ယ​ခု​ပြု​သော​ပ​ဋိ​ညာဉ်​စ​ကား ဟူ​မူ​ကား`သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည် နောင်​မည်​သည့်​အ​ခါ​၌​မျှ​ရေ​လွှမ်း​မိုး​၍ နောက်​တစ်​ဖန်​မ​ပျက်​စီး​စေ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 သင်​တို့​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ရေ​လွှမ်း​မိုး​ခြင်း​အား​ဖြင့်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​သည် နောက်​တစ်​ဖန်​မ​ဆုံး​ရ​ကြ။ မြေ​ကြီး​ကို ဖျက်​ဆီး​ဖို့​ရာ နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​ခြင်း​မ​ရှိ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 9:11
8 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​နှင့်အတူ​ရှိ​သည့် သက်ရှိသတ္တဝါ​အပေါင်း​တည်းဟူသော ငှက်​များ​၊ ယဉ်ပါးသောတိရစ္ဆာန်​များ​မှစ၍ သင်​တို့​နှင့်အတူ​ရှိ​သော တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​၌​လည်းကောင်း​၊ သင်္ဘော​ထဲမှ​ထွက်လာ​သော​သူ​ရှိသမျှ​နှင့် တောရိုင်းတိရစ္ဆာန်​ရှိသမျှ​တို့​၌​လည်းကောင်း ငါ​၏​ပဋိညာဉ်​ကို ငါ​တည်​စေ​မည်​။


ငါ​နှင့်​သင်​တို့​ကြား​၌​လည်းကောင်း​၊ သက်ရှိသတ္တဝါ​အပေါင်း​တို့​ကြား​၌​လည်းကောင်း​၊ ငါ​ပြု​သော​ပဋိညာဉ်​ကို​အောက်မေ့​သဖြင့် သတ္တဝါ​အပေါင်း​တို့​ကို​ဖျက်ဆီး​မည့် ရေလွှမ်းမိုး​ခြင်း ဖြစ်​တော့​မည်​မ​ဟုတ်​။


အခက်အခဲ​ပြဿနာ​ကို​မေ့လျော့​၍ စီးဆင်း​သွား​သော​ရေ​ကဲ့သို့သာ အောက်မေ့​လိမ့်မည်​။


သင့်​ကို​သနားစုံမက်​တော်မူ​သော​ထာဝရဘုရား​က “​ဤ​အမှု​သည် နောဧ​လက်ထက် ရေလွှမ်းမိုး​သကဲ့သို့​ဖြစ်​၏​။ နောဧ​လက်ထက်​၌ ရေလွှမ်းမိုး​သကဲ့သို့ ကမ္ဘာမြေကြီး​ကို နောက်တစ်ဖန်​ရေ​မ​လွှမ်းမိုး​ရ​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​နည်းတူ သင့်​ကို​အမျက်​မ​ထွက်​၊ အပြစ်တင်ဆုံးမ​ခြင်း​လည်း​မ​ပြု​ဟု ငါ​ကျိန်ဆို​၏​။


ဤ​အရာ​အားလုံး​တို့​သည် ထိုသို့​ပျက်သုဉ်း​သွား​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သို့​သော​သူ​များ​ဖြစ်​သင့်​သနည်း။ သင်​တို့​သည် သန့်ရှင်း​စွာ​အသက်ရှင်​နေထိုင်​လျက် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အားဖြင့်


ယခု​ရှိ​သော ကောင်းကင်​နှင့်​မြေကြီး​မူကား ထို​နှုတ်ကပတ်တော်​အားဖြင့် မီး​အတွက်​သိုမှီး​ထား​ခြင်း​ခံရ​၍ ဘုရား​တရား​မဲ့​သော​သူ​တို့​၏​ပျက်စီး​ခြင်း​နှင့် တရား​စီရင်​ခြင်း​နေ့ရက်​တိုင်အောင် ထိန်းသိမ်း​ထား​ခြင်း​ခံရ​လျက်​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ