Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 8:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 သင့်​ထံ၌​ရှိ​သော သက်ရှိသတ္တဝါ​အပေါင်း​၊ သားယဉ်​သားရဲ​အပေါင်း​တည်းဟူသော ငှက်​၊ တိရစ္ဆာန်​နှင့် မြေ​ပေါ်မှာ​တွားသွား​သော တွားသွားတိရစ္ဆာန်​အပေါင်း​တို့​သည် မြေကြီး​ပေါ်မှာ များပြား​ကြ​စေရန်​လည်းကောင်း​၊ မြေကြီး​ပေါ်မှာ​မွေးဖွား​တိုးပွား​ကြ​စေရန်​လည်းကောင်း သူ​တို့​ကို သင်​နှင့်အတူ​ထုတ်ဆောင်​လော့​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​မှာ​မျိုး​ပွား​စေ​ရန် ယင်း​တို့​ကို​သင်​နှင့်​အ​တူ ထုတ်​ဆောင်​လော့'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 သင်​ထံ​မှာ အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်၊ ငှက်​များ၊ သား​များ၊ မြေ​ပေါ်၌​တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​တို့​သည်၊ မြေ​ပေါ်​မှာ​သား​ကို​မွေး၍ အ​လွန်​တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း၊ ထို​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​ကို ကိုယ်​နှင့်​အ​တူ ထုတ်​ဆောင်​လော့​ဟု၊ နော​ဧ​ကို​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 8:17
10 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် ထို​သတ္တဝါ​တို့​ကို​ကောင်းချီးပေး​လျက် “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ ပင်လယ်​ရေ​များ​၌ ပြည့်​ကြ​လော့​။ ငှက်​တို့​လည်း မြေကြီး​ပေါ်၌ တိုးပွား​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။


ထို့နောက် ဘုရားသခင်​သည် သူ​တို့​ကို​ကောင်းချီးပေး​တော်မူ​၏​။ ဘုရားသခင်​က “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ မြေကြီး​ကို​ပြည့်​စေ​၍ ၎င်း​ကို​နိုင်နင်း​ကြ​လော့​။ ပင်လယ်​ငါး​တို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကို​လည်းကောင်း အုပ်စိုး​ကြ​လော့​”​ဟု သူ​တို့​အား မိန့်​တော်မူ​၏​။


“​သင်​သည် သင်​၏​သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ သင်္ဘော​ထဲမှ ထွက်လာ​လော့​။


သို့ဖြစ်၍ နောဧ​သည် သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ ထွက်လာ​၏​။


ဘုရားသခင်​သည် နောဧ​နှင့် သူ​၏​သား​တို့​ကို​ကောင်းချီးပေး​လျက် “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ မြေကြီး​ကို​ပြည့်​စေ​ကြ​လော့​။


သင်​တို့​သည် များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ မြေကြီး​ပေါ်မှာ ပြည့်နှက်​ကြ​လော့​။ မြေကြီး​ပေါ်မှာ တိုးပွား​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​သည် သူ​တို့​ကို ကောင်းချီးပေး​တော်မူ​သဖြင့် သူ​တို့​သည် အလွန်​တိုးပွား​ကြ​၏​။ သူ​တို့​၏​တိရစ္ဆာန်​ကို​လည်း လျော့နည်း​စေ​တော်​မ​မူ​ခဲ့​ပေ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ