Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 48:20 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 တစ်ဖန် ထို​နေ့​၌ အစ္စရေး​သည် သူ​တို့​အား “​အစ္စရေး​အမျိုးသား​တို့​သည် သင်​တို့​ကို​အစွဲပြု​၍ ‘​ဘုရားသခင်​သည် သင့်​ကို ဧဖရိမ်​နှင့် မနာရှေ​ကဲ့သို့ ဖြစ်​စေ​တော်မူ​ပါစေသော​’​ဟူ၍ အချင်းချင်း ကောင်းချီးပေး​ကြ​လိမ့်မည်​”​ဟု ကောင်းချီးပေး​လေ​၏​။ ထိုသို့ အစ္စရေး​သည် ဧဖရိမ်​ကို မနာရှေ​၏​ရှေ့​၌ နေရာချ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 သို့​ဖြစ်​၍​ယာ​ကုပ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​သင်​တို့​၏​နာ​မည်​များ​ကို​အ​သုံး ပြု​လျက်​ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်။ သူ​တို့ က`ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​တို့​ကဲ့​သို့​သင့်​ကို​ကြီး ပွား​စေ​ရန်​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ပါ​စေ သော' ဟု​ဆို​ကြ​လိမ့်​မည်'' ဟူ​၍​ထို​နေ့​၌​သူ ငယ်​တို့​အား​ကောင်း​ချီး​ပေး​လေ​၏။ ဤ​နည်း အား​ဖြင့်​ယာ​ကုပ်​သည်​ဧ​ဖ​ရိမ်​၏​နာ​မည် ကို​မ​နာ​ရှေ​၏​နာ​မည်​ရှေ့​၌​ထား​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 တစ်​ဖန်​ဘု​ရား​သ​ခင်​သည် သင့်​ကို​ဧ​ဖ​ရိမ်​ကဲ့​သို့​လည်း​ကောင်း၊ မ​နာ​ရှေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​ပါ​စေ​သော​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင်​အား​ဖြင့် ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်​ဟု ထို​နေ့၌ သူ​တို့​ကို​ကောင်း​ချီး​ပေး​လေ၏။ ထို​သို့​မ​နာ​ရှေ​ရှေ့​မှာ ဧ​ဖ​ရိမ်​ကို နေ​ရာ​ချ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 48:20
13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ရေဗက္ကာ​ကို​ကောင်းချီးပေး​လျက် “​ငါ​တို့​နှမ​၊ သင်​သည် လူ​အထောင်​အသောင်း​တို့​၏​အမိ​ဖြစ်လာ​ပါစေ​။ သင်​၏​အမျိုးအနွယ်​သည် ရန်သူ​တို့​၏​မြို့​တံခါး​ကို သိမ်းပိုက်​နိုင်​ပါစေ​”​ဟု ဆို​ကြ​၏​။


သင်​သည် လူမျိုးကြီး​ဖြစ်လာ​သည့်​တိုင်အောင် အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် သင့်​ကို​ကောင်းချီးပေး​၍ သင့်​ကို တိုးပွား​များပြား​စေ​တော်မူ​ပါစေသော​။


ထို့နောက် အစ္စရေး​က ယောသပ်​အား “​ငါ​သေ​ရ​တော့​မည်​။ သို့သော်လည်း ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​၍ သင်​တို့​ဘိုးဘေး​တို့​၏​ပြည်​သို့ သင်​တို့​ကို​ပြန်လည်​ပို့ဆောင်​တော်မူ​လိမ့်မည်​။


ယောသပ်​အမျိုးအနွယ်​ဖြစ်​သည့် မနာရှေ​အမျိုးအနွယ်​မှ သုသိ​၏​သား ဂဒ္ဒိ​၊


ဤသည်ကား ခါနာန်​ပြည်​ကို စူးစမ်း​ရန် မောရှေ​စေလွှတ်​သော​သူ​တို့​၏​အမည်​များ​ဖြစ်​၏​။ မောရှေ​သည် နုန်​၏​သား ဟောရှေ​ကို ယောရှု​ဟု မှည့်ခေါ်​၏​။


ဧဖရိမ်​အမျိုးအနွယ်​မှ နုန်​၏​သား ဟောရှေ​၊


သတ္တမ​နေ့​၌ ဧဖရိမ်​သားမြေး​တို့​၏​ခေါင်းဆောင်​၊ အမိဟုဒ်​၏​သား​ဧလိရှမာ ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ


အဋ္ဌမ​နေ့​၌ မနာရှေ​သားမြေး​တို့​၏​ခေါင်းဆောင်​၊ ပေဒါဇုရ​၏​သား ဂါမလျေလ ယူဆောင်​လာသော ပူဇော်သက္ကာ​များ​မှာ


ယာကုပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံကြည်​ခြင်း​အားဖြင့် ယောသပ်​၏​သား​တစ်ဦးစီ​ကို ကောင်းချီး​ပေး​၍ မိမိ​တောင်ဝှေး​ထိပ်​ကို​မှီ​လျက်​ရှိခိုး​လေ​၏။


တစ်နေ့တွင် ယောသပ်​အမျိုးသား​တို့​က ယောရှု​အား “​အဘယ်ကြောင့် အကျွန်ုပ်​တို့​အား ဝေစု​တစ်စုတည်း​ကို​သာ မဲချ​ခွဲဝေ​ပေး​သနည်း​။ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​ကို ကောင်းချီးပေး​တော်မူ​သဖြင့် ယခု အကျွန်ုပ်​တို့​၏​လူ​ဦးရေ​တိုးပွား​နေ​ပြီ​”​ဟု လျှောက်ဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ