Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 48:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထို့နောက် ယောသပ်​သည် မိမိ​၏​သား​နှစ်​ယောက်​ကို​ယူ​၍ မိမိ​လက်ယာ​ဘက်​၌​ရှိ​သော​ဧဖရိမ်​ကို အစ္စရေး​၏​လက်ဝဲ​ဘက်​သို့​လည်းကောင်း​၊ မိမိ​လက်ဝဲ​ဘက်​၌​ရှိ​သော​မနာရှေ​ကို အစ္စရေး​၏​လက်ယာ​ဘက်​သို့​လည်းကောင်း ချဉ်းကပ်​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ထို​နောက်​ဧ​ဖ​ရိမ်​ကို​ယာ​ကုပ်​၏​အ​နီး​လက်ဝဲ ဘက်​၌​လည်း​ကောင်း၊ မ​နာ​ရှေ​ကို​လက်​ယာ ဘက်​၌​လည်း​ကောင်း​ရပ်​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 တစ်​ဖန်​ယော​သပ်​သည်​သား​တို့​ကို​ယူ၍ ဧ​ဖ​ရိမ်​ကို လက်​ယာ​လက်​နှင့်​ကိုင်​လျက်၊ ဣ​သ​ရေ​လ​လက်​ဝဲ​လက်​သို့​လည်း​ကောင်း၊ မ​နာ​ရှေ​ကို လက်​ဝဲ​လက်​နှင့်​ကိုင်​လျက်၊ ဣ​သ​ရေ​လ လက်​ယာ​လက်​သို့​လည်း​ကောင်း​ချဉ်း​ကပ်​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 48:13
6 ပူးပေါင်းရင်းမြစ်များ  

ယောသပ်​က “​ဘုရားသခင်​သည် ငါ​၏​အခက်အခဲ​ပြဿနာ​အပေါင်း​နှင့် ငါ့​ဖခင်​၏​အိမ်သူအိမ်သား​အပေါင်း​တို့​ကို ငါ​မေ့လျော့​စေရန်​ပြု​တော်မူ​ပြီ​”​ဟု ဆို​လျက် သားဦး​၏​အမည်​ကို မနာရှေ ဟု​မှည့်ခေါ်​လေ​၏​။


ယောသပ်​သည် အီဂျစ်​ပြည်​၌ သား​မနာရှေ​နှင့်​ဧဖရိမ်​ကို​ရ​၏​။ ထို​သား​တို့​ကို ဩန​မြို့​၏​ယဇ်ပုရောဟိတ် ပေါတိဖေရ​၏​သမီး​အာသနတ်​က ယောသပ်​အတွက်​မွေးဖွား​ပေး​၏​။


ယောသပ်​သည် မိမိ​၏​သား​တို့​ကို ဖခင်​၏​ဒူး​ကြား​မှ​ထုတ်​ပြီးလျှင် မြေ​မှာ​ပျပ်ဝပ်​လေ​၏​။


ဧဖရိမ်​သည် သား​အငယ်​ဖြစ်​သော်လည်း အစ္စရေး​သည် မိမိ​လက်ယာ​လက်​ကို​ဆန့်​၍ ဧဖရိမ်​၏​ခေါင်း​ပေါ်သို့​တင်​၏​။ မနာရှေ​သည် သားဦး​ဖြစ်​သော်လည်း အစ္စရေး​သည် မိမိ​လက်​ကို ကြက်ခြေခတ်​၍ မိမိ​၏​လက်ဝဲ​လက်​ကို မနာရှေ​ခေါင်း​ပေါ်သို့​တင်​၏​။


မျိုးနွယ်စု​အလိုက် ယောသပ်​၏​အမျိုးအနွယ်​များ​ကား မနာရှေ​နှင့်​ဧဖရိမ် တို့​ဖြစ်​ကြ​၏​။


သိုး​များ​ကို မိမိ​၏​လက်ယာ​တော်​ဘက်​၌​လည်းကောင်း၊ ဆိတ်​များ​ကို လက်ဝဲ​တော်​ဘက်​၌​လည်းကောင်း ထား​တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ