Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 32:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ယာကုပ်​သည် သူ​တို့​ကို​မြင်​သောအခါ “​ဤ​နေရာ​သည် ဘုရားသခင်​၏​တပ်စခန်း​ဖြစ်​၏​”​ဟု ဆို​လျက် ထို​အရပ်​၏​အမည်​ကို မဟာနိမ် ဟု​ခေါ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင်​ယာ​ကုပ် က``ဤ​အ​ရပ်​ကား​ဘု​ရား​သ​ခင်​၏​တပ်​တော် ဖြစ်​သည်'' ဟု​ဆို​၍​၎င်း​ကို​မ​ဟာ​နိမ်​ဟု​မှည့် ခေါ်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 ယာ​ကုပ်​မြင်​လျှင် ဘု​ရား​သ​ခင်၏​တပ်​တော်​ဖြစ်​သည်​ဟု ဆို၍၊ ထို​အ​ရပ်​ကို မ​ဟာ​နိမ်​အ​မည်​ဖြင့် မှည့်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 32:2
17 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် မဟာနိမ်​မြို့​သို့ ထွက်သွား​၏​။ အဗရှလုံ​သည်​လည်း သူ့​နောက်လိုက်​အစ္စရေး​လူ​အပေါင်း​တို့​နှင့်အတူ ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​လာ​ကြ​၏​။


နေရ​၏​သား အာဗနာ​နှင့် ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​မင်းကြီး​၏​အစေအပါး​တို့​သည် မဟာနိမ်​မြို့​မှ ဂိဗောင်​မြို့​သို့ ထွက်လာ​လျှင်


ရှောလု​မင်းကြီး​၏​စစ်သူကြီး​၊ နေရ​၏​သား အာဗနာ​ကား ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​ကို​ခေါ်​၍ မဟာနိမ်​မြို့​သို့ သူ့​ကို ဆောင်သွား​လေ​၏​။


ဗာဟုရိမ်​မြို့သား​၊ ဗင်္ယာမိန်​အမျိုးသား ဂေရ​၏​သား​ရှိမိ​သည် မဟာနိမ်​မြို့​သို့ ငါ​သွား​သော​နေ့​တွင် သူ​သည် ငါ့​ကို ခါးသီး​စွာ​ကျိန်ဆဲ​ခဲ့​၏​။ သို့သော် ငါ​ပြန်လာ​သောအခါ သူ​သည် ငါ့​ကို ဂျော်ဒန်​မြစ်​သို့​ဆင်းကြို​၍ ‘​သင့်​ကို ငါ ဓား​ဖြင့်​မ​သတ်​’​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ငါ​ကျိန်ဆို​ခဲ့​ပြီ​။


မဟာနိမ်​မြို့​၏​နယ်စားမင်း ဣဒေါ​၏​သား​အဟိနဒပ်​၊


ထို့နောက် ဧလိရှဲ​က “​အို ထာဝရဘုရား​၊ သူ​၏​မျက်စိ​ကို​ဖွင့်ပေး​၍ သူ့​ကို​မြင်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​လျှင် ထာဝရဘုရား​သည် ထို​ငယ်သား​၏​မျက်စိ​ကို​ဖွင့်ပေး​တော်မူ​သဖြင့် ဧလိရှဲ​ပတ်ပတ်လည်​တွင် မြင်း​နှင့်​က​သော​မီး​စစ်ရထား​များ တောင်​တစ်တောင်လုံး​ပြည့်​နေ​သည်​ကို တွေ့​ရ​လေ​၏​။


နေ့စဉ်နေ့တိုင်း ဒါဝိဒ်​ကို​ကူညီ​ရန် ဝင်ရောက်​လာ​သူ​များလာ​သဖြင့် ဘုရားသခင်​၏​တပ်​ကဲ့သို့ အင်အားကြီးမား​သော​စစ်တပ်​ကြီး​ဖြစ်လာ​လေ​၏​။


ကိုယ်တော်​၏​အမှု​တော်​ကို​ထမ်းဆောင်​၍ အလို​တော်​အတိုင်း​လုပ်ဆောင်​သော ကိုယ်တော်​၏​ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။


ကိုယ်တော်​၏​ကောင်းကင်တမန်​အပေါင်း​တို့​၊ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​၊ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။


ဘုန်းကြီး​သော​ဘုရင်​ကား မည်သူ​နည်း​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။ ကိုယ်တော်​သည် ဘုန်းကြီး​သော​ဘုရင်​ဖြစ်​တော်မူ​၏​။(​စေလာ)


ထာဝရဘုရား​၏​ကောင်းကင်တမန်​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ပတ်လည်​၌ တပ်ချ​၍ သူ​တို့​ကို​ကယ်မ​ကြ​၏​။


“​အို ရှုလံ​သမီးပျို​၊ ပြန်လာ​ပါ​၊ ပြန်လာ​ပါ​။ သင့်​ကို အကျွန်ုပ်​တို့ မြင်​ရ​မည့်​အကြောင်း ပြန်လာ​ပါ​၊ ပြန်လာ​ပါ​။” “​စစ်တပ်​နှစ်​တပ် ကခုန်​နေ​သည်​ကို ကြည့်ရှု​သကဲ့သို့ ရှုလံ​သမီးပျို​ကို အဘယ်ကြောင့် ကြည့်​နေ​ကြ​သနည်း​။


ထို​သူ​က​လည်း “​သင့်​ထံသို့ အဘယ်ကြောင့် ငါ​ရောက်လာ​ရ​သည်​ကို သင်​သိ​သလော​။ ယခု ငါ​သည် ပါးရှား​နိုင်ငံ​စောင့်​မင်း​နှင့် စစ်တိုက်​ရန် ပြန်သွား​ရ​မည်​။ ငါ​ထွက်သွား​ပြီးနောက် ဂရိ​နိုင်ငံ​စောင့်​မင်း ရောက်လာ​လိမ့်မည်​။


ထို​ခဏချင်း​တွင် ထို​ကောင်းကင်တမန်​နှင့်အတူ များစွာ​သော​ကောင်းကင်​ဗိုလ်ခြေ​သည်​ပေါ်လာ​၍ ဘုရားသခင်​ကို​ချီးမွမ်း​ကာ


ဂဒ်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဂိလဒ်​ပြည်​၊ ရာမုတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မဟာနိမ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


ထို​သူ​က​လည်း “​မည်သည့်​ဘက်​က​မှ မ​ဟုတ်​ပါ​။ ငါ​သည် ထာဝရဘုရား​ခန့်အပ်​ထား​သော​စစ်သူကြီး​အဖြစ် လာ​ခြင်း​ဖြစ်​၏​”​ဟု ဆို​၏​။ ထိုအခါ ယောရှု​က ထို​သူ​ရှေ့​တွင် ပျပ်ဝပ်​ကိုးကွယ်​လျက် “​အကျွန်ုပ်​သခင်​၊ သခင့်​အစေအပါး​ကို မည်သို့​မိန့်ဆို​မည်နည်း​”​ဟု မေး​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ