Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 30:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 လေအာ​သည် မိမိ​သားဖွား​ခြင်း​ရပ်တန့်​သွား​ကြောင်း သိမြင်​သောအခါ မိမိ​၏​ကျွန်မ​ဇိလပ​ကို​ယူ​၍ ယာကုပ်​အား မယား​အဖြစ်​ပေး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 လေ​အာ​သည်​လည်း​မိ​မိ​၌​သား​ဖွား​ခြင်း​ရပ်​ဆိုင်း သွား​ကြောင်း​သိ​မြင်​ရ​သော​အ​ခါ သူ​၏​ကျွန်​မ ဇိ​လ​ပ​ကို​ယာ​ကုပ်​အား​မ​ယား​အ​ဖြစ်​ပေး အပ်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 လေ​အာ​သည်​သား​ပြတ်၍ မ​ဖွား​ဘဲ​နေ​ကြောင်း​ကို မိ​မိ​သိ​မြင်​သော​အ​ခါ၊ မိ​မိ​ကျွန်​မ​ဇိ​လ​ပ​ကို​ယူ၍၊ ယာ​ကုပ်၏​မ​ယား​ဖြစ်​စေ​ခြင်း​ငှာ အပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 30:9
8 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် အာဗြံ​သည် ခါနာန်​ပြည်​၌ ဆယ်​နှစ်​ကြာ​နေထိုင်​ပြီးနောက်​တွင် အာဗြံ​၏​မယား​စာရဲ​သည် မိမိ​ကျွန်မ အီဂျစ်​လူမျိုး​ဟာဂရ​ကို​ခေါ်​၍ မိမိ​ခင်ပွန်း​အာဗြံ​အား မယား​အဖြစ်​ပေး​လေ​၏​။


(​လာဗန်​သည် မိမိ​ကျွန်မ​ဇိလပ​ကို သမီး​လေအာ​၏​ကျွန်မ​အဖြစ် လက်ဖွဲ့​၏​။)


သူ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ဤ​တစ်ကြိမ်​တွင် ငါ​သည် ထာဝရဘုရား​ကို ချီးမွမ်း​မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ယုဒ ဟု​မှည့်ခေါ်​လေ​၏​။ ထို့နောက် သူ​သည် သားဖွား​ခြင်း​ရပ်တန့်​သွား​လေ​၏​။


ထိုအခါ လေအာ​၏​ကျွန်မ​ဇိလပ​သည် ယာကုပ်​အတွက် သား​ကို​မွေးဖွား​၏​။


လေအာ​တောင်းလျှောက်​သည်​ကို ဘုရားသခင်​နားညောင်း​တော်မူ​သဖြင့် သူ​သည်​ကိုယ်ဝန်ဆောင်​၍ ပဉ္စမ​သား​ကို ယာကုပ်​အတွက် မွေးဖွား​၏​။


ထိုသို့ ရာခေလ​သည် မိမိ​၏​ကျွန်မ​ဗိလဟာ​ကို ယာကုပ်​အား မယား​အဖြစ်​ပေး​သဖြင့် ယာကုပ်​သည် သူ့​ထံသို့​ဝင်​လေ​၏​။


ထိုအခါ ရာခေလ​က “​ငါ​သည် ငါ့​အစ်မ​နှင့် အကြိတ်အနယ်​နပန်းလုံး​၍ နိုင်​ခဲ့​ပြီ​”​ဟု ဆို​လျက် သူ​၏​အမည်​ကို နဿလိ ဟု​မှည့်ခေါ်​လေ​၏​။


ဤ​သူ​တို့​ကား လာဗန်​က မိမိ​သမီး​လေအာ​အား​လက်ဖွဲ့​အဖြစ်​ပေး​သော ဇိလပ​၏​သား​များ​ဖြစ်​ကြ​၏​။ ဇိလပ​သည် ယာကုပ်​အတွက် ဤ​သား​တစ်ဆယ့်ခြောက်​ယောက်​ကို မွေးဖွား​ပေး​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ