ကမ္ဘာဦး 30:1 - မြန်မာ့စံမီသမ္မာကျမ်1 ရာခေလသည် ယာကုပ်အတွက် သားမဖွားနိုင်ကြောင်းသိမြင်လျှင် မိမိအစ်မကို မနာလိုဖြစ်လေ၏။ ရာခေလက “အကျွန်ုပ်အား သားသမီးပေးပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သေမည်”ဟု ယာကုပ်အားဆို၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ရာခေလသည်ယာကုပ်နှင့်သားသမီးမထွန်း ကားသဖြင့် အစ်မကိုမနာလိုဖြစ်ပြီးလျှင် ယာကုပ်အား``ကျွန်မတွင်သားသမီးမရ ပါကသေရပါတော့မည်'' ဟုပြောလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 ရာခေလသည် ယာကုပ်အား သားမဖွားကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကိုငြူစူသောစိတ်ရှိ၍၊ ငါ့အား သားကိုပေးပါ။ သို့မဟုတ် ငါသေတော့အံ့ဟု ယာကုပ်ကို ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။