ကမ္ဘာဦး 28:4 - မြန်မာ့စံမီသမ္မာကျမ်4 သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် အာဗြဟံအား ဘုရားသခင်ပေးတော်မူသောပြည်ကို သင်ပိုင်ဆိုင်ရမည့်အကြောင်း အာဗြဟံအား ပေးတော်မူသောကောင်းချီးမင်္ဂလာကို ကိုယ်တော်သည် သင်နှင့်တကွ သင်နှင့်အတူရှိသော သင်၏သားမြေးတို့အား ပေးတော်မူပါစေသော”ဟု ကောင်းချီးပေးလျက် မှာကြားလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ဘုရားသခင်သည်အာဗြဟံအားကောင်း ချီးပေးသည့်နည်းတူ သင်နှင့်သင်၏အဆက် အနွယ်တို့အားကောင်းချီးပေးပါစေသော။ အာဗြဟံအားဘုရားသခင်ပေးတော်မူ သော သင်ယခုနေထိုင်သောပြည်ကိုအပိုင် ရပါစေသော'' ဟုကောင်းချီးပေး၍မှာကြား လေ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 အထက်က အာဗြဟံအားပေးတော်မူ၍၊ သင် ယခုဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို၊ သင်အမွေခံရမည်အကြောင်း၊ သင့်အားလည်းကောင်း၊ သင်၏အမျိုးအနွယ်အားလည်းကောင်း၊ အာဗြဟံ၏ကောင်းချီးမင်္ဂလာကိုပေးတော်မူစေသတည်းဟု ကောင်းချီးပေးလျက် မှာထား၍လွှတ်လိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏မျက်ရည်ကိုကြည့်၍ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်ထံ၌ရှိသော တိုင်းတစ်ပါးသားဖြစ်၍ အကျွန်ုပ်၏ဘိုးဘေးအပေါင်းတို့နည်းတူ ဧည့်သည်မျှသာဖြစ်ပါ၏။