Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 27:34 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

34 ဧသော​သည် ဖခင်​၏​စကား​ကို​ကြား​သောအခါ အလွန်​ခါးသီး​စွာ​ခံစား​ရ​လျက် ကျယ်လောင်​စွာ​အော်ဟစ်ငိုကြွေး​ကာ “​အဖေ​၊ အကျွန်ုပ်​ကို​၊ အကျွန်ုပ်​ကို​လည်း ကောင်းချီးပေး​ပါ​”​ဟု ဖခင်​အား​ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

34 ဧ​သော​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင်​မ​ခံ မ​ရပ်​နိုင်​အောင်​ခံ​စား​ရ​သ​ဖြင့်``အို အ​ဖ၊ ကျွန်​တော့် အား​လည်း​ကောင်း​ချီး​ပေး​ပါ​ဦး'' ဟု​အ​သံ​ကျယ် စွာ​အော်​ဟစ်​တောင်း​ပန်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

34 အ​ဘ​ဆို​သော​စ​ကား​ကို​ဧ​သော​ကြား​လျှင်၊ အ​လွန်​ပြင်း​သော​အ​သံ​နှင့် သည်း​ထန်​စွာ​ငို​ကြွေး​လျက်၊ အို​အ​ဘ၊ အ​ကျွန်ုပ်​ကို​လည်း​ကောင်း​ချီး​ပေး​ပါ​လော့၊ ပေး​ပါ​လော့​ဟု​ဆို​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 27:34
8 ပူးပေါင်းရင်းမြစ်များ  

ဖခင်​က​လည်း “​သင့်​ညီ​သည် လာ​၍ လိမ်လည်လှည့်ဖြား​ပြီး သင်​၏​ကောင်းချီးမင်္ဂလာ​ကို ယူသွား​ပြီ​”​ဟု ဆို​၏​။


ထို​အကြောင်းအရာ​အလုံးစုံ​ကို မော်ဒကဲ ကြားသိ​သောအခါ မိမိ​အဝတ်​တို့​ကို​ဆုတ်ဖြဲ​၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီးလျှင် ပြာ​၌​လူး​လေ​၏​။ ထို့နောက် မြို့​လယ်ခေါင်​သို့​သွား​ကာ ကျယ်လောင်​စွာ ခါးခါးသီးသီး အော်ဟစ်​ငိုကြွေး​လေ​၏​။


ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ပြုမူကျင့်ကြံ​သော​အမှုအရာ​၏​အသီး​ကို​စား​၍ မိမိ​တို့​၏​အကျင့်အကြံ​များ​နှင့် ဝအီ​ကြ​လိမ့်မည်​။


လူ​သည် မိမိ​၏​မိုက်မဲမှု​ကြောင့် မိမိ​လမ်းခရီး​မှားယွင်း​ချွတ်ချော်​သောအခါ​ပင် သူ​၏​စိတ်နှလုံး​တွင် ထာဝရဘုရား​ကို​စိတ်ဆိုး​တတ်​၏​။


အကြောင်းမူကား သင်​တို့​သိ​ကြ​သည့်​အတိုင်း သူ​သည် နောက်မှ ကောင်းချီး​မင်္ဂလာ​ကို​အမွေ​ဆက်ခံ​လို​သော်လည်း ငြင်းပယ်​ခြင်း​ခံရ​၍ ၎င်း​ကို မျက်ရည်​ဖြင့်​ပြန်တောင်း​သော်လည်း နောင်တရ​သော​အခွင့်​ကို မ​ရရှိ​ခဲ့​ပေ။


ဒါဝိဒ်​နှင့်​သူ့​လူ​တို့​သည် ငိုကြွေး​ဖို့ အား​မ​ရှိ​တော့​လောက်အောင်​ပင် အသံကုန်​ငိုကြွေး​ကြ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ