Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 24:53 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

53 ထို့နောက် ထို​အစေအပါး​သည် ရွှေ​တန်ဆာ​၊ ငွေ​တန်ဆာ​နှင့် အဝတ်တန်ဆာ​တို့​ကို​ထုတ်​၍ ရေဗက္ကာ​အား ပေး​၏​။ သူ့​အစ်ကို​နှင့် သူ့​မိခင်​အား​လည်း အဖိုးတန်​သော​လက်ဆောင်​များ​ကို ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

53 ထို​နောက်​သူ​သည်​ရွှေ​ငွေ​အ​ဝတ်​တန်​ဆာ​များ ကို​ထုတ်​၍​ရေ​ဗက္က​အား​ပေး​၏။ ရေ​ဗက္က​၏​မောင် နှင့်​မိ​ခင်​တို့​အား​လည်း​အ​ဖိုး​ထိုက်​တန်​သော လက်​ဆောင်​များ​ကို​ပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

53 ငွေ​ဖ​လား၊ ရွှေ​ဖ​လား၊ အ​ဝတ်​တန်​ဆာ​များ​ကို​ထုတ်၍ ရေ​ဗ​က္က​အား​ပေး၏။ သူ၏​အ​မိ၊ မောင်​အား​လည်း၊ အ​ဖိုး​ထိုက်​သော လက်​ဆောင်​ကို​ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 24:53
11 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် အစေအပါး​သည် မိမိ​သခင်​၏​ကုလားအုတ်​များ​ထဲမှ ကုလားအုတ်​ဆယ်​စီး​ကို​ရွေးယူ​ပြီးလျှင် မိမိ​သခင်​ပိုင်ဆိုင်​သည့်​အဖိုးတန်​ပစ္စည်း​အမျိုးမျိုး​တို့​ကို​ယူဆောင်​လျက် ထ​၍ ထွက်ခွာ​သွား​ရာ မက်ဆိုပိုတေးမီးယား​ပြည်​ရှိ နာခေါ်​နေ​သော​မြို့​သို့​ရောက်​လေ​၏​။


ကုလားအုတ်​တို့​ရေသောက်​ပြီး​သောအခါ သူ​သည် အလေးချိန်​တစ်​ဗေကာ​ရှိ​သော​ရွှေ​နှာဆွဲ​နှင့် မိန်းကလေး​လက်​၌​ဝတ်ဆင်​ရန် အလေးချိန်​ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​လက်ကောက်​တစ်စုံ​ကို ထုတ်ပေး​၍


သူ​တို့​၏​ခမည်းတော်​သည် သူ​တို့​အား ရွှေ​ငွေ​များ​၊ အဖိုးတန်​အသုံးအဆောင်​များ အများအပြား​နှင့် ယုဒ​ခံတပ်​မြို့​များ​ကို​ပါ ပေး​ထား​ပြီး သား​တော်​ယဟောရံ​ကို​မူ သားဦး​ဖြစ်​သောကြောင့် ထီးနန်း​ကို လွှဲအပ်​ပေး​၏​။


ထို​သူ​တို့​ဝန်းကျင်​၌​ရှိ​သော​လူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​စေတနာ​အလျောက် ရွှေ​ငွေ​အသုံးအဆောင်​များ​၊ ပစ္စည်းဥစ္စာ​များ​၊ တိရစ္ဆာန်​များ​၊ အဖိုးတန်​လက်ဆောင်​များ​ဖြင့် ပါဝင်​ပေးလှူ​ကြ​၏​။


ယောက်ျား​သည် မိမိ​အိမ်နီးချင်း​ယောက်ျား​ထံမှ​လည်းကောင်း​၊ မိန်းမ​သည် မိမိ​အိမ်နီးချင်း​မိန်းမ​ထံမှ​လည်းကောင်း ရွှေ​ထည်​၊ ငွေ​ထည်​တို့​ကို တောင်းယူ​ရန် အစ္စရေး​လူမျိုး​တို့​အား ပြောကြား​လော့​”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​၏​စကား​အတိုင်း​ပြု​ကြ​၏​။ အီဂျစ်​လူမျိုး​တို့​ထံမှ ရွှေ​ထည်​ငွေ​ထည်​များ​နှင့် အဝတ်အစား​များ​ကို တောင်း​ကြ​၏​။


မိန်းမ​တို့​သည် မိမိ​၏​အိမ်နီးချင်း​ထံမှ​လည်းကောင်း​၊ မိမိ​အိမ်​၌​တည်းခိုနေထိုင်​သော​သူ​ထံမှ​လည်းကောင်း ငွေ​ထည်​များ​၊ ရွှေ​ထည်​များ​နှင့် အဝတ်အစား​များ​ကို တောင်း​၍ သင်​တို့​သည် သင်​တို့​၏​သား​သမီး​များ​ကို ဝတ်ဆင်​စေ​ရ​မည်​။ ဤသို့ဖြင့် သင်​တို့​သည် အီဂျစ်​လူမျိုး​တို့​၏​ဥစ္စာပစ္စည်း​များ​ကို သိမ်းယူ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ခြယ်သ​ထား​သော​သင့်​ပါး​တို့​သည် တင့်တယ်​လှ​ပေ​၏​။ သင့်​လည်တိုင်​သည်​လည်း လည်ဆွဲရတနာ​တို့​ဖြင့် တင့်တယ်​လှ​ပေ​၏​။”


သင့်​အစို့အညှောက်​သည် အကောင်းဆုံး​အသီး​ကို​သီး​သော​သလဲ​တော​၊ နာဒုပင်​ရော​ပေါက်​သော ဟင်္နာ​တော​၊


ဟေဇကိ​မင်းကြီး​သည် သူ​တို့​ကို ဝမ်းမြောက်ဝမ်းသာ​ကြိုဆို​၍ မိမိ​ဘဏ္ဍာတိုက်​ထဲမှ ရွှေ​ငွေ​၊ အမွှေးနံ့သာ​၊ အဖိုးတန်​ဆီ​မှစ၍ လက်နက်​တိုက်​အားလုံး​နှင့် တွေ့​သမျှ​အဖိုးတန်ရတနာ​တို့​ကို သူ​တို့​အား ပြ​လေ​၏​။ နန်းတွင်း​နှင့် နိုင်ငံ​တစ်ဝန်းလုံး​တွင် ထို​သူ​တို့​အား ဟေဇကိ​မင်းကြီး မ​ပြပေး​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ