Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 17:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 တစ်ဖန် ဘုရားသခင်​က အာဗြဟံ​အား “​သင်​မူကား သင်​မှစ၍ နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​တို့​သည် မျိုးဆက်​အစဉ်အဆက် ငါ​၏​ပဋိညာဉ်​ကို စောင့်ထိန်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 တစ်​ဖန်​ဘု​ရား​သ​ခင်​က``သင်​နှင့်​တ​ကွ​သင် ၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့​က​လည်း ငါ​၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သို့​ဖြစ်၍ သင်​နှင့်​တ​ကွ​သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​တို့​သည်၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 17:9
6 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ အာဗြဟံ​သည် မိမိ​သား​ဣရှမေလ​မှစ၍ မိမိ​အိမ်​၌​မွေးဖွား​သော​သူ​များ​၊ မိမိ​ငွေ​ဖြင့်​ဝယ်ထား​သော​သူ​များ​စသည့် အာဗြဟံ​၏​အိမ်သူအိမ်သား​များ​ထဲမှ ယောက်ျား​အားလုံး​ကို​ခေါ်​၍ မိမိ​အား ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း ထို​နေ့​၌ပင် သူ​တို့​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​မင်္ဂလာ​ကို ပေး​လေ​၏​။


အကြောင်းမူကား အာဗြဟံ​သည် သူ​၏​သားသမီး​တို့​နှင့် နောင်လာမည့်​သူ​၏​အမျိုးအနွယ်​တို့​အား ဖြောင့်မတ်​သော​အမှု​၊ တရားမျှတ​သော​အမှု​ကို​ပြုကျင့်​၍ ထာဝရဘုရား​၏​လမ်း​တော်​ကို​စောင့်ထိန်း​ကြ​စေရန် မှာကြား​ခြင်း​အားဖြင့် သူ့​အား​ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သော​အရာ​ကို သူ​၌​ပြည့်စုံ​စေ​မည့်​အကြောင်း သူ့​ကို ငါ​ရွေးကောက်​ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ပဋိညာဉ်​တော်​ကို​စောင့်ထိန်း​၍ ဥပဒေသ​တို့​ကို လိုက်နာ​ရန် သတိရ​သော​သူ​တို့​အပေါ်​၌​လည်းကောင်း တည်​၏​။


ထာဝရဘုရား​၏​လမ်းစဉ်​ရှိသမျှ​တို့​သည် ကိုယ်တော်​၏​ပဋိညာဉ်​တော်​နှင့်​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​သော​သူ​တို့​အတွက် မေတ္တာကရုဏာ​နှင့်​လည်းကောင်း​၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​တော်မူ​၏​။


ယခု သင်​တို့​သည် ငါ့​စကား​ကို​သေချာ​စွာ​နားထောင်​၍ ငါ​၏​ပဋိညာဉ်​ကို​စောင့်ထိန်း​လျှင် လူမျိုး​တကာ​တို့​တွင် သင်​တို့​သည် ငါ​ပိုင်​တော်မူ​ရာ​ဘဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်မည်​။ အကယ်စင်စစ် ကမ္ဘာမြေ​တစ်ခွင်လုံး​ကို ငါ​ပိုင်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ