ကမ္ဘာဦး 17:23 - မြန်မာ့စံမီသမ္မာကျမ်23 ထိုအခါ အာဗြဟံသည် မိမိသားဣရှမေလမှစ၍ မိမိအိမ်၌မွေးဖွားသောသူများ၊ မိမိငွေဖြင့်ဝယ်ထားသောသူများစသည့် အာဗြဟံ၏အိမ်သူအိမ်သားများထဲမှ ယောက်ျားအားလုံးကိုခေါ်၍ မိမိအား ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ထိုနေ့၌ပင် သူတို့၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းမင်္ဂလာကို ပေးလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version23 အာဗြဟံသည်ဘုရားသခင်၏အမိန့်ကို နာခံ၍ သူ၏သားဣရှမေလ၊ အိမ်၌ပေါက် ဖွားသောကျေးကျွန်နှင့်ငွေဝယ်ကျွန်များ အပါအဝင်အိမ်သားယောကျာ်းအပေါင်းတို့ အား ထိုနေ့ချင်း၌ပင်အရေဖျားလှီးမင်္ဂလာ ကိုပေးလေ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version23 အာဗြဟံသည်လည်း၊ သားဣရှမေလမှစ၍၊ ကိုယ်အိမ်၌ ဖွားသောသူအပေါင်း၊ ကိုယ်ငွေနှင့်ဝယ်သောသူအပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကိုယူ၍၊ ဘုရားသခင်မိန့်တော်မူသည်အတိုင်း၊ တစ်နေ့ချင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။