ကမ္ဘာဦး 13:18 - မြန်မာ့စံမီသမ္မာကျမ်18 ထို့ကြောင့် အာဗြံသည် သူ၏တဲကိုရွှေ့၍ ဟေဗြုန်မြို့ရှိ မံရေဝက်သစ်ချပင်များအနီး၌ သွားရောက်နေထိုင်၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version18 ထို့ကြောင့်အာဗြံသည်မိမိ၏စခန်းမှ ဟေဗြုန် မြို့ရှိမံရေသပိတ်တောသစ်ပင်များအနီးသို့ ပြောင်းရွှေ့နေထိုင်ပြီးလျှင် ထိုနေရာ၌ထာဝရ ဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကိုတည်လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version18 တစ်ဖန် အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ရောက်မှ နေရာကျ၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက်မှ ဒါဝိဒ်က “ယုဒပြည်ရှိမြို့တစ်မြို့မြို့သို့ အကျွန်ုပ်သွားရပါမည်လော”ဟု ထာဝရဘုရားထံ မေးလျှောက်လျှင် ထာဝရဘုရားက “သွားလော့”ဟု မိန့်ဆို၏။ ဒါဝိဒ်ကလည်း “မည်သည့်မြို့သို့ သွားရပါမည်နည်း”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ဟေဗြုန်မြို့သို့ သွားလော့”ဟု မိန့်တော်မူ၏။