ကမ္ဘာဦး 10:2 - မြန်မာ့စံမီသမ္မာကျမ်2 ယာဖက်၏သားများမှာ ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ တိရတ် တို့ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 ယာဖက်၏သားများဖြစ်ကြသောဂေါမာ၊ မာ ဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ် တို့သည်ကား သူတို့၏နာမည်ကိုခံယူကြ သောလူမျိုးတို့၏ဖခင်များဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2 ယာဖက်၏သားကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ်တည်း။ အခန်းကိုကြည့်ပါ။ |
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
ထိုအရပ်တွင် မေရှက်အမျိုးသား၊ တုဗလအမျိုးသားနှင့် သူတို့၏ပြည်သူပြည်သားအားလုံးတို့လည်း ရှိကြ၏။ သူတို့ပတ်ပတ်လည်တွင် သင်္ချိုင်းဂူများ ဝိုင်းရံလျက်ရှိ၏။ သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူများဖြစ်ကြ၏။ သူတို့သည် မြေကြီးသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့သူများ ဖြစ်ကြ၏။