Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 1:25 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

25 ဘုရားသခင်​သည် တောရိုင်းတိရစ္ဆာန်​ကို အမျိုး​အလိုက်​၊ ယဉ်ပါးသောတိရစ္ဆာန်​ကို အမျိုး​အလိုက်​၊ မြေ​ပေါ်ရှိ​တွားသွားသောတိရစ္ဆာန်​အပေါင်း​တို့​ကို အမျိုး​အလိုက် ဖန်ဆင်း​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

25 ဘု​ရား​သ​ခင်​သည်​တိရစ္ဆာန်​အ​မျိုး​မျိုး​တို့​ကို ထို​ကဲ့​သို့​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင် သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

25 ထို​သို့ ဘု​ရား​သ​ခင်​သည် သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​၍၊ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမၻာ​ဦး 1:25
9 ပူးပေါင်းရင်းမြစ်များ  

မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော​သတ္တဝါ​အပေါင်း​တို့​တည်းဟူသော ငှက်​၊ ယဉ်ပါးသောတိရစ္ဆာန်​၊ တောရိုင်းတိရစ္ဆာန်​၊ မြေကြီး​ပေါ်မှာ အုပ်စုလိုက်​နေထိုင်​သွားလာ​သော​သတ္တဝါ​ရှိသမျှ​တို့​နှင့် လူ​အပေါင်း​တို့​သည် သေ​ကြ​ကုန်​၏​။


နှာခေါင်း​ဖြင့်​အသက်ရှူ​တတ်​သည့်​သက်ရှိသတ္တဝါ​တည်းဟူသော ကုန်း​ပေါ်မှာ​ရှိလေသမျှ​သတ္တဝါ​တို့​သည် သေ​ကြ​ကုန်​၏​။


တိရစ္ဆာန်​တို့​ကို မေးကြည့်​လော့​။ သင့်​ကို​သွန်သင်​လိမ့်မည်​။ မိုးကောင်းကင်​ငှက်​တို့​ကို မေးကြည့်​လော့​။ သင့်​ကို​ပြောပြ​လိမ့်မည်​။


ထွက်သက်လေ​တစ်​ချက်​ကြောင့် ကောင်းကင်​သည် ကြည်လင်​သွား​၏​။ ပြေး​နေ​သော​မြွေ​ကို လက်​တော်​ဖြင့် ထိုးဖောက်​တော်မူ​၏​။


လဝိသန်​၏​ခြေလက်အင်္ဂါ​အကြောင်း​၊ ခွန်အားကြီး​ကြောင်း​၊ ကိုယ်လုံးကိုယ်ထည်​တောင့်တင်း​ကြောင်း​ကို ငါ မ​ပြောပြ​ဘဲ နေ​မည်​မ​ဟုတ်​။


‘ကြီးမား​သော​တန်ခိုး​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက် ကမ္ဘာမြေကြီး​နှင့် မြေ​မျက်နှာပြင်​ပေါ်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို ဖန်ဆင်း​ခဲ့​သူ​မှာ ငါ​ပင်​ဖြစ်​၍ ငါ​ပေး​လို​သော​သူ​အား ငါ​ပေး​ပြီ​။


အကြောင်းမူကား ထို​အရာ​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ ဆုတောင်း​ခြင်း​အားဖြင့်​လည်းကောင်း သန့်ရှင်း​စေ​ခြင်း​ကို​ခံရ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ