ဂလာတိ 2:14 - မြန်မာ့စံမီသမ္မာကျမ်
14 သို့သော် သူတို့သည် ကောင်းမြတ်သောသတင်း၏သမ္မာတရားနှင့်အညီ ဖြောင့်မတ်စွာလျှောက်လှမ်းခြင်းမရှိသည်ကို ငါမြင်သောအခါ ထိုသူအပေါင်းတို့ရှေ့၌ ကေဖအား “ဂျူးလူမျိုးဖြစ်သောသင်သည် ဂျူးလူမျိုးကဲ့သို့မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့နေထိုင်သည်ဆိုလျှင် လူမျိုးခြားတို့ကို ဂျူးလူမျိုးကဲ့သို့နေထိုင်ရန် အဘယ်ကြောင့် အတင်းအကျပ်စေခိုင်းသနည်း”ဟု ငါဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
14 သို့ရာတွင်သူတို့၏အပြုအမူသည်သတင်း ကောင်းဆိုင်ရာသစ္စာတရားနှင့်ကိုက်ညီမှုမရှိ ကြောင်းကို ငါသိမြင်သောအခါ ပေတရုအား လူအပေါင်းတို့ရှေ့တွင်``သင်သည်ယုဒအမျိုး သားဖြစ်ပါလျက် ယုဒအမျိုးသားကဲ့သို့ မဟုတ်ဘဲ လူမျိုးခြားကဲ့သို့ပြုမူနေထိုင် လျက်ရှိရာ သင်သည်အဘယ်ကြောင့်လူမျိုး ခြားတို့အားယုဒအမျိုးသားတို့ကဲ့သို့ ပြုမူနေထိုင်စေရန်အနိုင်အထက်ပြုပါ သနည်း'' ဟုမေး၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
14 သူတို့သည် မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ ကျင့်ကြောင်းကို ငါသည်မြင်လျှင်၊ ထိုသူအပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းမကျင့်ဘဲ၊ တစ်ပါးအမျိုး၏ထုံးစံအတိုင်း ကျင့်လျှင်၊ တစ်ပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်း ကျင့်စေခြင်းငှာ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ