Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမှတ်စာ 9:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ညနေ​ပူဇော်သက္ကာ​ချိန်​ရောက်​လျှင် ငါ​သည် ထို​ဆုတ်ဖြဲ​ထား​သော​အင်္ကျီ​နှင့် ဝတ်လုံ​ကို​ဝတ်​လျက်ပင် စိတ်ပျက်​ရာ​မှ​ထ​၍ ဒူးထောက်​ကာ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ လက်​ကို​ဖြန့်​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ငါ သည်​ညည်း​တွား​မြည်​တမ်း​လျက် ထိုင်​၍​နေ​ရာ မှ​ထ​ပြီး​လျှင် စုတ်​နေ​သော​အ​ဝတ်​များ​နှင့်​ပင် ဒူး​ထောက်​လျက် ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5 ညဥ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​တွင်၊ စိတ်​ပျက်​ရာ​မှ​ထ၍ အ​တွင်း​အ​ဝတ်၊ ပြင်​အ​ဝတ်​ကို ဆုတ်​ပြီး​လျှင်၊ ဒူး​ထောက်၍၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ လက်​ဝါး​တို့​ကို ဖြန့်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 9:5
15 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ရှေ့​၊ အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​တွင်​ရပ်​လျက် ကောင်းကင်​သို့​လက်​ကို​ဖြန့်​ပြီးလျှင်


တစ်စုံတစ်ယောက်​ဖြစ်စေ​၊ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​အပေါင်း​တို့​ဖြစ်စေ ကိုယ့်​ဝေဒနာ​ကိုယ်​သိမှတ်​လျက် ဤ​အိမ်​တော်​သို့​မျက်နှာမူ​ပြီး လက်​ကို​ဆန့်​လျက် ဆုတောင်း​အသနားခံ​လျှင်


ထိုသို့ ရှောလမုန်​မင်းကြီး​သည် ဤ​ဆုတောင်း​အသနားခံချက်​အလုံးစုံ​တို့​ကို ထာဝရဘုရား​ထံ​တောင်းလျှောက်​ပြီး​သောအခါ ထာဝရဘုရား​၏​ယဇ်ပလ္လင်​ရှေ့​တွင် ဒူးထောက်​၍ ကောင်းကင်​သို့ လက်​ကို​ဆန့်​ရာ​မှ ထ​၍


ရှောလမုန်​မင်းကြီး​သည် ဝင်း​တော်​အလယ်​၌ မိမိ​ဆောက်လုပ်​၍​တည်​ထား​သော အလျား​ငါး​တောင်​၊ အနံ​ငါး​တောင်​၊ အမြင့်​သုံး​တောင်​ရှိ​သည့် ကြေးနီ​စင်မြင့်​ပေါ်သို့​တက်​ပြီး အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​၌ ဒူးထောက်​၍ လက်​ကို ကောင်းကင်​သို့​ဖြန့်​လျက်


ထို​စကား​ကို ငါ​ကြား​လျှင် ရက်​ပေါင်း​များစွာ​ထိုင်​၍​ငိုကြွေး​မြည်တမ်း​လျက်​၊ အစာရှောင်​လျက် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ ဆုတောင်း​လျက်​နေ​လေ​၏​။


အကျွန်ုပ်​၏​ဆုတောင်းချက်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ နံ့သာပေါင်း​ကဲ့သို့​လည်းကောင်း​၊ အကျွန်ုပ်​လက်​ကို​မြှောက်ချီ​ခြင်း​သည် နေဝင်ချိန်​၏​ပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း မှတ်ယူ​ခြင်း​ခံရ​ပါစေသော​။


အကျွန်ုပ်​သည် ကိုယ်တော်​ထံသို့ အကျွန်ုပ်​လက်​ကို​ဆန့်​ပါ​၏​။ မွတ်သိပ်​သော​မြေ​ကဲ့သို့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။(​စေလာ)


လာ​ကြ​၊ ရှိခိုးကိုးကွယ်​ကြ​စို့​။ ညွတ်တွား​ကြ​ကုန်စို့​။ ငါ​တို့​ကို​ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​၏ ရှေ့​တော်​၌ ဒူးထောက်​ကြ​ကုန်စို့​။


မောရှေ​က​လည်း “​အကျွန်ုပ်​သည် မြို့​ထဲမှ​ထွက်​သည်​နှင့် ထာဝရဘုရား​ထံသို့ အကျွန်ုပ်​၏​လက်​ကို​ဖြန့်​ပါ​မည်​။ ထာဝရဘုရား​သည် မြေကြီး​ကို​ပိုင်​တော်မူ​ကြောင်း အရှင်​သိ​စေရန် မိုးချုန်းသံ​များ​ရပ်​၍ မိုးသီး​လည်း ကျ​တော့​မည်​မ​ဟုတ်​။


မောရှေ​သည် ဖာရော​မင်းကြီး​ထံ​မှ မြို့ပြင်​သို့​ထွက်သွား​၍ သူ​၏​လက်​ကို ထာဝရဘုရား​ထံသို့​ဖြန့်​လျှင် မိုးချုန်းသံ​များ​နှင့်​မိုးသီး​ကျ​ခြင်း​ရပ်​သွား​၍ မြေ​ပေါ်သို့ မိုး​မ​ရွာ​တော့​ပေ​။


သင်​တို့​လက်​ကို ဖြန့်​သောအခါ သင်​တို့​ထံမှ ငါ​မျက်နှာလွှဲ​မည်​။ သင်​တို့​သည် အကြိမ်ကြိမ်​ဆုတောင်း​ကြ​လျှင်​လည်း ငါ​နား​မ​ထောင်​။ သင်​တို့​လက်​သည် သွေး​စွန်း​လျက်​ရှိ​၏​။


ထိုစဉ်က ငါ​ဒံယေလ​သည် ရက်သတ္တပတ်​သုံး​ပတ်​တိုင်တိုင် ငိုကြွေးမြည်တမ်း​လျက်


ထို့နောက် ကိုယ်တော်​သည် သူ​တို့​ထံမှ​ခဲတစ်ပစ်စာ​ခန့်​ခွာသွား​၍ ဒူး​ထောက်​လျက်


သို့သော် ထို​နေ့ရက်​များ​စေ့​သောအခါ ငါ​တို့​သည် ခရီး​ဆက်​ရန် ထွက်ခွာ​ကြ​၏။ သူ​တို့​အားလုံး​သည် ဇနီး​၊ သားသမီး​များ​နှင့်အတူ မြို့​ပြင်​အထိ ငါ​တို့​ကို​လိုက်ပို့​ကြ​၏။ ငါ​တို့​သည် ပင်လယ်​ကမ်းခြေ​တွင် ဒူး​ထောက်​လျက်​ဆုတောင်း​ပြီးနောက်


ဤ​အကြောင်း​ကြောင့် ငါ​သည် ကောင်းကင်​ဘုံ​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း ရှိသမျှ​သော​မိသားစု​တို့​အမည်​နာမ​ခံယူ​ရရှိ​ရာ​ဖြစ်​တော်မူ​သော အဖ​ခမည်းတော်​ထံ ဒူး​ထောက်​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ