Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမှတ်စာ 8:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထို့ကြောင့် အကြီးအမှူး​များ​ဖြစ်​သော ဧလျေဇာ​၊ အရေလ​၊ ရှေမာယ​၊ ဧလနာသန်​၊ ယာရိပ်​၊ ဧလနာသန်​၊ နာသန်​၊ ဇာခရိ​၊ မေရှုလံ​နှင့် ပညာရှင် ယောယရိပ်​နှင့် ဧလနာသန်​တို့​ကို ခေါ်​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ငါ​သည်​ခေါင်း​ဆောင်​ကိုး​ဦး​ဖြစ်​ကြ​သော ဧ​လျေ​ဇာ၊ အ​ရေ​လ၊ ရှေ​မာ​ယ၊ နာ​သန်၊ ယာ​ရိမ်၊ ဧ​လ​နာ​သန်၊ ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ​တို့​ကို​လည်း ကောင်း၊ ပ​ညာ​ရှိ​နှစ်​ဦး​ဖြစ်​ကြ​သော​ယွာ​ရိပ် နှင့် ဧ​လ​နာ​သန်​တို့​ကို​လည်း​ကောင်း​ခေါ်​ပြီး လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 လူ​ကြီး ဧ​လျေ​ဇာ၊ အ​ရေ​လ၊ ရှေ​မာ​ယ၊ နာ​သန်၊ ဇာ​ခ​ရိ၊ မေ​ရှု​လံ၊ ပ​ညာ​ရှိ​ယာ​ရိပ်၊ ဧ​လ​နာ​သန်​တို့​ကို ခေါ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 8:16
16 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ဘုရားသခင်​က သူ့​အား “​သင်​သည် အသက်တာ​ရှည်​ရန်​မ​တောင်း​၊ ဓနဥစ္စာ​ကို​မ​တောင်း​၊ ရန်သူ့​အသက်​ကို​မ​တောင်း​ဘဲ တရားမျှတ​စွာ​စီရင်​နိုင်​သော​အသိဉာဏ်​ကို​သာ တောင်း​လေ​ပြီ​။ ဤသို့ သင်​တောင်းဆို​သောကြောင့်


ဣသခါ​အမျိုးသား​တွင် အစ္စရေး​လူ​တို့​ပြု​ရ​မည့်​အမှု​ကို အခြေအနေ​အချိန်အခါ​အလိုက် သိ​နားလည်​သူ အကြီးအမှူး​အယောက်​နှစ်ရာ​နှင့် သူ​တို့​၏​အမိန့်​ကို​နာခံ​သော​ဆွေမျိုး​အားလုံး​၊


မဲချ​ရာ​တွင် ရှေလမိ​သည် အရှေ့ဘက်​တံခါး​၌ မဲကျ​၏​။ အကြံကောင်း​ဉာဏ်ကောင်း​ပေး​နိုင်​သူ​၊ ရှေလမိ​၏​သား​ဇာခရိ​သည် မြောက်ဘက်​တံခါး​၌ မဲကျ​၏​။


ထာဝရဘုရား​အဖို့ အိမ်​တော်​နှင့် သူ​၏​နိုင်ငံ​တော်​အဖို့ နန်းတော်​ကို တည်ဆောက်​ရန် သိနားလည်​နိုင်စွမ်း​ရှိ​၍ ဉာဏ်ပညာ​နှင့်​ပြည့်စုံ​ပြီး ပညာရှိ​သော​သား​တော်​တစ်ပါး​ကို ဒါဝိဒ်​မင်းကြီး​အား ပေး​တော်မူ​သော ကောင်းကင်​နှင့်​မြေကြီး​ကို​ဖန်ဆင်း​တော်မူ​သည့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။


ဟာရိမ်​သားမြေး​တွင် မာသေယ​၊ ဧလိယ​၊ ရှေမာယ​၊ ယေဟေလ​၊ ဩဇိ​၊


ရှေလမိ​၊ နာသန်​၊ အဒါယ​၊


နောက်ဆုံး​မှ​ရောက်လာ​သော​သူ​များ​တွင် အဒေါနိကံ​သားမြေး​များ​ဖြစ်​သော ဧလိဖလက်​၊ ယေယေလ​၊ ရှေမာယ​တို့​နှင့်အတူ ယောက်ျား​အယောက်​ခြောက်ဆယ်​၊


အဟာဝ​မြို့​သို့​စီးဆင်း​သော​မြစ်ကမ်း​နံဘေး​၌ သူ​တို့​ကို​စုဝေး​စေ​ပြီး သုံး​ရက်​ခန့် စခန်းချ​ကြ​၏​။ ထို​နေရာ​တွင် အစ္စရေး​လူအုပ်​ကြား​၊ ယဇ်ပုရောဟိတ်​တို့​ကြား​တွင် ငါ​စစ်ဆေး​ကြည့်​ရာ လေဝိ​သား​တစ်ယောက်​ကို​မျှ မ​တွေ့​။


ကသိဖိ​အရပ်​ရှိ အကြီးအမှူး​ဣဒေါ​ထံသို့ စေလွှတ်​၍ ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​တွင် အမှု​တော်​ထမ်းဆောင်​မည့်​သူ​များ​ကို ပို့ဆောင်​ပေး​ပါ​ဟု ကသိဖိ​အရပ်​ရှိ​ဣဒေါ​နှင့် သူ့​ညီအစ်ကို​ဗိမာန်တော်​အစေအပါး​တို့​အား အမှာစကား ပါးလိုက်​၏​။


ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​သောကြောင့် အစ္စရေး​လူမျိုး လေဝိ​အနွယ်ဝင် မဟာလိ​သားမြေး​မှ ကျမ်းတတ်ဆရာ ရှေရဘိ​နှင့်အတူ သူ​၏​သား​များ​နှင့် သူ​၏​ဆွေမျိုးသားချင်း စုစုပေါင်း​တစ်ဆယ့်ရှစ်​ယောက်​၊


အကြောင်းမူကား ထာဝရဘုရား​သည် ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။ အသိပညာ​နှင့် ထိုးထွင်းဉာဏ်​သည် ကိုယ်တော်​၏​နှုတ်​တော်​မှ​လာ​၏​။


လူ​၏​စိတ်နှလုံး​၌​ရှိ​သော​အကြံဉာဏ်​သည် နက်​သော​ရေ​နှင့်​တူ​၏​။ သို့သော် ထိုးထွင်းဉာဏ်​ရှိ​သော​သူ​သည် ၎င်း​ကို​ခပ်ယူ​လိမ့်မည်​။


တိုင်းပြည်​၌​အပြစ်​ကျူးလွန်​ခြင်း​ရှိ​သောအခါ အုပ်ချုပ်သူ​များပြား​လာ​တတ်​၏​။ သို့သော် သိမြင်​နားလည်​တတ်​သော​သူ​အားဖြင့် တိုင်းပြည်​သည် ကြာရှည်တည်တံ့​လိမ့်မည်​။


ကိုယ်တော်​သည် အချိန်​နှင့် ရာသီဥတု​ကို ပြောင်းလဲ​စေ​နိုင်​၏​။ ရှင်ဘုရင်​တို့​ကို​လည်း နန်းတင်​နန်းချ ပြု​နိုင်​၏​။ ပညာရှိ​ကို ဉာဏ်ပညာ​ပေး​တော်မူ​၏​။ ဉာဏ်ရှိသူ​ကို​လည်း အသိပညာ​ပေး​တော်မူ​၏​။


ငါ​ပြောဆို​သော​အရာ​ကို ဆင်ခြင်​လော့။ သခင်​ဘုရား​သည် အရာ​ခပ်သိမ်း​တို့​၌ သင့်​အား ဉာဏ်စွမ်း​ကို​ပေး​တော်မူ​လိမ့်မည်။


ဘုရားသခင်​၏​သား​တော်​သည် ကြွလာ​၍ စစ်မှန်​သော​ဘုရားသခင်​ကို​သိရှိ​နိုင်​သည့် အသိဉာဏ်​ကို ငါ​တို့​အား​ပေး​တော်မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ​၏။ ထို့ကြောင့် ငါ​တို့​သည် စစ်မှန်​သော​ဘုရားသခင်​၌​လည်းကောင်း၊ ဘုရားသခင်​၏​သား​တော်​ယေရှု​ခရစ်တော်​၌​လည်းကောင်း ရှိ​ကြ​၏။ ကိုယ်တော်​သည် စစ်မှန်​သော​ဘုရားသခင်​ဖြစ်​တော်မူ​ပြီး ထာဝရ​အသက်​လည်း​ဖြစ်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ