Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမှတ်စာ 7:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 အာတဇေရဇ်​မင်းကြီး နန်းစံ​သတ္တမ​နှစ်​တွင် အချို့​သော အစ္စရေး​အမျိုးသား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုးသား​များ​၊ သီချင်းသည်​များ​၊ တံခါးစောင့်​များ​၊ ဗိမာန်တော်​အစေအပါး​များ​သည် ဂျေရုဆလင်​မြို့​သို့ ပြန်လာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 ဧ​ဇ​ရ​သည်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​ဂီ​တ​ပညာ​သည် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​နှင့် အ​လုပ်​သ​မား​များ​ပါ​ဝင်​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​အ​တူ အာ​တ​ဇေ​ရဇ် မင်း​နန်း​စံ​ခု​နစ်​နှစ်​မြောက်​၌ ဗာ​ဗု​လုန်​မြို့ မှ​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​ခု​နစ်​နှစ်​တွင်၊ အ​ချို့​သော ဣ​သ​ရေ​လ​အ​မျိုး​သား ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်၊ ဘု​ရား​ကျွန်​တို့​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သို့ လိုက်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 7:7
14 ပူးပေါင်းရင်းမြစ်များ  

ပရောဖက်​ဟဂ္ဂဲ​နှင့် ဣဒေါ​၏​သား​ဇာခရိ​တို့​၏ ပရောဖက်ပြု​အားပေးမှု​ကြောင့် ဂျူး​သက်ကြီးဝါကြီး​တို့​သည် အိမ်​တော်​ကို အောင်မြင်​စွာ​ပြန်လည်​တည်ဆောက်​နိုင်​ခဲ့​၏​။ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​အမိန့်​တော်​နှင့် ကုရု​မင်းကြီး​၊ ဒါရိ​မင်းကြီး​၊ ပါးရှား​ဘုရင်​အာတဇေရဇ်​မင်းကြီး​တို့​၏​အမိန့်​တော်​အတိုင်း အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ပြီးစီး​လေ​၏​။


ယဇ်ပုရောဟိတ်​၊ လေဝိ​သား​၊ သီချင်းသည်​၊ တံခါးစောင့်​၊ ဗိမာန်တော်​အစေအပါး​၊ ဘုရားသခင်​၏​အိမ်​တော်​၌​အမှုဆောင်​သူ စသည်​တို့​ထံမှ အခွန်​အကောက်​၊ ဆက်ကြေး ကောက်ခံ​ခွင့်​မ​ရှိ​ကြောင်း သိမှတ်​လော့​။


ထို​မင်း​နန်းစံ သတ္တမ​နှစ်​၊ ပဉ္စမ​လ​တွင် ဧဇရ​သည် ဂျေရုဆလင်​မြို့​သို့ ပြန်​ရောက်လာ​၏​။


ဟာခလိ​၏​သား​နေဟမိ​၏​စကား​များ​ကား ဤသို့​တည်း​။ အာတဇေရဇ်​မင်းကြီး​နန်းစံ​အနှစ်​နှစ်ဆယ်​မြောက်​၊ ခိသလု​လ​တွင် ငါ​သည် ရှုရှန်​နန်းတော်​၌ ရှိ​နေစဉ်


ကျန်​ပြည်သူပြည်သား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ ဗိမာန်တော်​အစေခံ​များ​၊ ဘုရားသခင်​၏​ပညတ်တရား​အတွက် ထို​ပြည်သူပြည်သား​တို့​နှင့်​ကင်းရှင်း​စွာ​နေ​သော​သူ​အပေါင်း​နှင့် သူ​တို့​၏​မယား​များ​၊ သား​သမီး​များ​၊ သိ​နားလည်​သော​သူ​အပေါင်း​တို့​သည်


ရှာလသေလ​၏​သား ဇေရုဗဗေလ​၊ ယေရွှာ​တို့​နှင့်အတူ​ပြန်လိုက်လာ​သော ယဇ်ပုရောဟိတ်​များ​နှင့်​လေဝိ​အမျိုး​များ​မှာ စရာယ​၊ ယေရမိ​၊ ဧဇရ​၊


အာတဇေရဇ်​မင်း နန်းစံ​အနှစ်​နှစ်ဆယ်​မြောက်​၊ နိသန်​လ​တွင် ရှေ့​တော်​၌ ရှိ​သော စပျစ်ဝိုင်​ကို ငါ​သည် ယူ​၍ ရှင်ဘုရင်​ထံ ဆက်သ​၏​။ ထိုစဉ် ငါ​သည် ယခင်​က မဖြစ်စဖူး မျက်နှာ​ညှိုးငယ်​လျက်​ရှိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ