ဧဇရမှတ်စာ 6:9 - မြန်မာ့စံမီသမ္မာကျမ်9 ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ မီးရှို့ရာယဇ်အဖြစ်ပူဇော်ရန် နွားသငယ်၊ သိုးထီး၊ သိုးသငယ် တို့ဖြစ်စေ၊ ဂျုံ၊ ဆား၊ စပျစ်ဝိုင်၊ ဆီ တို့ဖြစ်စေ လိုအပ်သမျှကို ဂျေရုဆလင်မြို့ရှိ ယဇ်ပုရောဟိတ်တို့ တောင်းဆိုသည့်အတိုင်း နေ့စဉ်မပျက်မကွက် ပေးရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9-10 ကောင်းကင်ဘုံရှင်ဘုရားသခင်နှစ်သက်လက် ခံတော်မူသည့်ယဇ်များကိုပူဇော်၍ ငါနှင့် ငါ၏သားများအတွက်ကိုယ်တော်၏ကောင်း ချီးမင်္ဂလာကိုတောင်းခံပေးကြရန် ယေရု ရှလင်မြို့ရှိယဇ်ပုရောဟိတ်များက မီးရှို့ ရာပူဇော်သကာများအဖြစ်ကောင်းကင်ဘုံ ရှင်ဘုရားသခင်အားဆက်သရန် လိုအပ် သမျှသောနွားသငယ်၊ သိုး၊ သိုးသငယ်၊ ဂျုံ စပါး၊ ဆား၊ စပျစ်ရည်၊ သံလွင်ဆီကိုနေ့စဉ် နေ့တိုင်းမပျက်မကွက်ပေးကြလော့။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 ထိုမှတစ်ပါး၊ သူတို့သည် မွှေးကြိုင်သောယဇ်တို့ကို ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အားပူဇော်၍၊ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏အိမ်တော် ပြန်လည်တည်ဆောက်ခြင်းအမှု၌ ဂျူးသက်ကြီးဝါကြီးတို့အား သင်တို့လုပ်ဆောင်ပေးရမည့်အရာနှင့်ပတ်သက်၍ ငါထုတ်ပြန်လိုက်သည်မှာ တည်ဆောက်ခြင်းအမှု ရပ်ဆိုင်းမသွားစေရန် ကုန်ကျစရိတ်ကို ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းမှရသော ဘုရင့်အခွန်ဘဏ္ဍာထဲမှ သူတို့အား အလျင်မီထုတ်ပေးရမည်။
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။